မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ ဂျူဗင်တပ်အသင်းဟာ တန်းတက် SPAL 2013 အသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ ပွဲစဉ် ၁၀ ပြီးဆုံးတဲ့အချိန်မှာတော့ ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ နာပိုလီအသင်းနဲ့ ၃ မှတ်ကွာဟနေပြီး အင်တာမီလန်အသင်းနဲ့ ၁ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟီဂူအင်၊ ဒေါက်ကလက်ကော်စတာ၊ ဒီဘာလာ၊ ဘာနာဒက်ချီ ၊ ခီဒီယာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။SPAL 2013 အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဘောရီရယ်လို၊ ပါလော့ချီ ၊ လာဇာရီ၊ ဗီဗီရာနီ၊ ရစ်ဇို၊ မက်တီယက်လို၊ ရှက်ဟီယာဗွန် တိုံကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။တန်းတက်SPAL အသင်းကတော့ ဂျူဗင်တပ်အသင်းကို ယှဉ်မကစားနိုင်ခဲ့တာကြောင့် ခံစစ်မှာသာ အချိန်ကုန်နေခဲ့တာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ဘာနာဒက်ချီ က ၁၄ မိနစ်မှာ သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။၂၂ မိနစ်မှာ ဒီဘာလာက ဂျူဗင်တပ်အသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၆၅ မိနစ်မှာတော့ ဟီဂူအင်က ဂျူဗင်တပ်အသင်းအတွက် သုံးဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။မိနစ် ၇၀ မှာတော့ ကွာဒရာဒို က ဂျူဗင်တပ်အသင်းအတွက် နောက်ဆုံးဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။SPAL အသင်းအတွက် နှစ်သိမ့်ဂိုးတစ်ဂိုးကိုတော့ ၃၄ မိနစ်မှာ ပါလော့ချီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။