ဂျပန်နိုင်ငံမှာ အသက် ၇၄ နှစ်အရွယ် အဖိုးအိုတယောက်ဟာ ၈နှစ်တာ ကာလအတွင်း ဖောက်ထွင်းမှု ပေါင်း ၂၅၀ကျော် ပြုလုပ်ခဲ့ပြီး ဂျပန်ငွေ ယန်း သန်း ၃၀ (ဒေါ်လာ ၂၆၀,၀၀၀) ခန့် ခိုးယူနိုင်ခဲ့ပါတယ်။ ဂျပန်ရဲတပ်ဖွဲ့ ကလည်း အဖိုးအို ရဲ့ မျက်နှာကို လုံခြုံရေး ကင်မရာထဲ ကနေ မြင်ခဲ့ပြီး စောင့်ကြည့်ကာ ဖမ်းဆီးနိုင်ခဲ့ ပါတယ်။ အစပိုင်းမှာ သူခိုး က နင်ဂျာဝတ်စုံကို ဝတ်ဆင်ကာ ပြစ်မှု ကျူးလွန်တဲ့ အတွက် လူလတ်ပိုင်း တယောက် လို့ ရဲတပ် ဖွဲ့ ကယူဆထားပေမဲ့ ခုလိုဖမ်းဆီးပြီးတဲ့ အချိန်မှာ အံသြနေကြပါတယ်။

“ကျွန်တော်သာငယ်သေးရင် အဖမ်းမခံရလောက်ဘူး၊ ကျွန်တော် အခု အသက် ၇၄နှစ် ရှိပြီး အတော်လည်း အိုနေပါပြီ၊ ဒါကြောင့် ဒီအလုပ်ကို မလုပ်တော့ပါဘူး” လို့၎င်းက ပြောကြားခဲ့ပါတယ်။

အဖိုးအိုဟာ ဖောက်ထွင်းမှု တွေပြုလုပ်ဖို့အတွက် လူမနေတဲ့ အဆောက်အအုံ တွေကိုဝင် အနက်ရောင် နင်ဂျာ အဝတ်အစားလဲပြီး ဖောက်ထွင်းခိုးယူဖို့အတွက် မှောင်လာတဲ့ အချိန်ကို စောင့်ဆိုင်းခဲ့ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အရမ်းကောင်းပြီး လမ်းမတွေပေါ်မှာသွားရမည့် အစား နံရံတွေရဲ့ ဘောင်တွေပေါ်က နေ ပြေးနိုင်တယ်လို့ ရဲတပ်ဖွဲ့ ဝင်တွေက ပြောကြားခဲ့ပါတယ်။ 

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။