အောက်တိုဘာ ၂၅ရက်နေ့ ,၁၇:၃၅မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး,ပဲခူးမြို့နယ်,အင်းတကောမြို့အထည်ချုပ်စက်ရုံတစ်ခုတွင်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အင်းတကော်မြို့အမှတ်(၂) ရပ်ကွက်,ရန်ကုန် - မန္တလေးလမ်းမကြီး(လမ်းဟောင်း)ဘေး ရှိ Home-Groupအထည်ချုပ်စက်ရုံတွင်မီးလောင်မှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။အဆိုပါမီးလောက်မှုကို ပဲခူးခရိုင်,အင်းတကော်ရဲစခန်းမှသတင်းပေးပို့ခဲ့တာကြောင့်ပဲခူတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှသွားရောက်ငြိမ်းသတ်ခဲ့တယ်လို့သိရပါတယ်

ယင်းအထည်ချုပ်စက်ရုံမီးလောင်မှုကိုပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှုးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်မြင့်ဦးဆောင်၍အုပ်ချုပ်မှုယာဉ်(၁)စီး၊မီးငြှိမ်းသတ်ယာဉ်(၅)စီး၊မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့်သွားရောက်ငြှိမ်းသတ်ခဲ့ပြီး၁၈:၄၅အချိန်မီးငြိမ်းခဲ့တယ်လို့သိရပါတယ်။မီးလောင်မှုအကြောင်းအရင်းမှာ အထည်ချုပ်စက်ရုံဝန်းအတွင်း ဖြတ်စ၊ ညှပ်စ သိုလှောင်သော ဂိုထောင်မှ အောင်းပူဖြစ်၍ အလိုအလျောက်မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ဂိုထောင်အတွင်းရှိ အထည်ဖြတ်စ၊ ညှပ်စများ မီးလောင်ကျွမ်းခြင်းဖြစ်ပါသည်။အဆိုပါမီးလောင်မှုနဲ့ပတ်သက်ပြီးအင်းတကော်ရဲစခန်းမှတရားဥပဒေအရအရေးယူစစ်ဆေးဆောင်ရွှက်လျက်ရှိတယ်လို့သိရပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။