မြန်မာပြည်မှာ လူကြိုက်များအားပေးဝန်းရံခံရတဲ့ အနုပညာရှင်တွေအနက် မိန်းမချောလေးတစ်သိုက်ကတော့ မန္တလေးကို ပွဲတစ်ခုကြောင့် သွားရောက်နေကြတာဖြစ်ပါတယ်။

သူတို့ဟာ Burmese mahaythi ပွဲအတွက် အဖွဲ့လိုက်သွားရောက်နေတဲ့ အမှတ်တရပုံရိပ်တွေကို စုစည်းရိုက်ကူးထားပြီး လူမှုကွန်ရက်မှာ တင်ထားကြတာဖြစ်ပါတယ်။

စူပါမော်ဒယ် အွန်ဆိုင်းကလည်း သူမရဲ့ ဖေ့ဘုတ်အကောင့်မှာ မန္တလေးရောက်နေပြီဆိုပြီး ပုံလေးတင်ထားတာကိုတွေ့ရပါတယ်။

ပရိသတ်အားပေးမှုကိုယ်စီရှိကြတဲ့ တက်သစ်စမင်းသမီးချောလေးတွေပါ၀င်သလိုနာမည်ကြီးစူပါမော်ဒယ်လ်အမြောက်များ သွားရောက်ကြတာဖြစ်ပါတယ်။

သူတို့အဖွဲ့ပုံထဲမှာတော့ သရုပ်ဆောင်မေ သန္တာဗိုလ်၊ မော်ဒယ် ခိုင်သဇင်ငုဝါ ၊ အွန်ဆို်င်း ၊ အမ်ဆိုင်းလု ၊ ယွန်းမီမီကို ၊ မေမြင့်မိုရ်တို့အပါ၀င် အနုပညာရှင်မိန်းမချောလေးတွေကို တွေ့ရပါတယ်။

ဖက်ရှင်အလန်းကိုယ်စီနဲ့ လန်းဆန်းတတ်ကြွနေတဲ့ သူတို့ရဲ့ ဟန်ပန်အမူရာလေးတွေကို မြင်လိုက်ရတာ ပရိသတ်တွေလည်း အပျော်တွေကူးစက်မယ်လို့မျှော်လင့်ပါတယ်။

ဘယ်သူ့ကို အချစ်ဆုံးလဲ ပြောခဲ့ပါဦး။ 

Photo- AwnSeng fband Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။