အဆိုတော်စိန်လင်းတစ်ယောက်ကတော့ မနေ့က October 25 ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့ပွဲလေးကို သူ့ကိုချစ်တဲ့ သူကချစ်တဲ့ Fan တွေနဲ့အတူ ကျင်းပဖြစ်ခဲ့ပါတယ်။ ခမ်း ခမ်းနားနားမဟုတ်ပဲ ရိုးရိုးရှင်းရှင်းလေးနဲ့ အကောင်းမွန်ဆုံး အဖြူစင်ဆုံး ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

အဆိုတော်စိန်လင်းဟာဆိုရင် အဆိုတော်ရတနာမိုင်နဲ့အတူ သီချင်းတွေတွဲဖက်သီဆိုခဲ့ပြီး နာမည်ကျော် မြန်မာပြည်သိန်းတန်နဲ့လဲ သီချင်းတစ်ပုဒ်တွဲဖက်သီဆိုခဲ့သူလဲဖြစ်ပါတယ်။ သူ့သီချင်းတွေက ပရိတ်သတ်တွေနားထဲကို အမိုက်စားသံစဉ်တွေနဲ့ ဆွဲဆောင်နေပါတယ်။

မွေးနေ့ရဲ့မနက်ပိုင်းမှာ မန္တလေးမဟာမြတ်မုနိဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူဒါန်း ပြီး We Love Sein Linn Fan များနှင့်အတူ YGW ပရဟိတကျောင်းရှိ ကလေးများအား အယောက် ၆၀၀ ကို ညနေပိုင်းမှာ ရေခဲမုန့်များနှင့် ကိတ်မုန့်များ အာဟာရဒါ လှူဒါန်း သည့်အပြင် အလှူငွေများ ရေခဲသေတ္တာအကြီး (၁) လုံး၊ Air Con Stand အကြီး (၁) လုံး၊ ကထိန်သင်္ကန်း ပရိက္ခရာအစုံ တို့ကိုလှူဒါန်းခဲ့ပါတယ်။ ကလေးတွေအတွက် စပ်ဆိုသီကုံး ထားတဲ့ “ နေ့သစ်စီ ” သီချင်းကိုသီဆိုပြီး ကလေးတွေရော We Love တွေနဲ့ပါ မွေးနေ့ကိတ် လှီးပြီး မွေးနေ့ကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။