နာမည်ကြီး အနုပညာရှင် ဆယ်လီစုံတွဲ တစ်တွဲဖြစ်တဲ့ အဆိုတော်သရုပ်ဆောင် စိုးသူနဲ့ မင်းသမီး စိုးမြတ်နန္ဒာတို့ စုံတွဲဟာ မြန်မာပြည်တွင်းရှိ မြို့တွေကိုလည်ပတ်ပြီး ဘုရားစုံလိုက်ဖူးပြီး ဘုရားဖူးထွက်မယ်လို့ သိရပါတယ်..။ အနုပညာရှင်ဆယ်လီစုံတွဲဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုလည်း အများဆုံးရရှိထားတဲ့ ဆယ်လီစုံတွဲလည်း ဖြစ်ပါတယ်..။ အတွဲညီညီနဲ့ သူမတို့ စုံတွဲဟာ ဘာသာရေးနဲ့ ကုသိုလ်ရေးတွေကိုလည်း လက်တွဲညီညီနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်..။ ဘာသာရေးကုသိုလ်တွေနဲ့ တရားစာပေတွေကိုလည်း တူတူလေ့လာနေတာလည်း တွေ့ရပါတယ်..။

အောက်တိုဘာ(၂၆)ရက်နေ့မှာတော့ စိုးမြတ်နန္ဒာက သူမရဲ့ fb စာမျက်နှာမှာ ဘုုရားဖူးထွက်မယ့် အကြောင်းကိုလည်း အခုလိုရေးသားထားပါတယ်..။ “သဘက်ခါ ခရီးထပ်ထွက်ပါမယ်...

ဒီတစ်ခါတော့ အိမ်က မျောက်လေး နှစ်ကောင် နဲ့ ပါ...

အကူမပါ အထိန်းမပါ ပဲ အရဲစွန့် သွားမှာပါ.

ပါလာတဲ့ သူငယ်ချင်းတွေထိန်းပေးမယ်လို့တော့ မျှော်လင့်ပါတယ်လေ ? ? ?

ပုဂံ , ကလော , အောင်ပန်း , ပင်းဒယ , တောင်ကြီး ,အင်းလေး လည်ကြပါမယ် ? ? ” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။ အနုပညာရှင်အသိုင်းအဝိုင်းနဲ့ ပရိသတ်တွေအကြားလှုပ်လှုပ်ခတ်ခတ်နဲ့ ဝေဖန်မှုတွေရှိခဲ့ပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

ပရိသတ်အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားပေမယ့် လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို သိပ်မလုပ်တော့တာ တွေ့ရပါတယ်..။ စိုးမြတ်နန္ဒာဟာ အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့ အကယ်ဒမီဆုများကို ရရှိပိုင်ဆိုင်ထားသလို စိုးသူကလည်း အောင်မြင်တဲ့ အနုပညာရှင် အဆိုတော် အကယ်ဒမီ မင်းသား တစ်လက်လည်း ဖြစ်ပါတယ်..။ လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး လက်တွဲညီညီ ပျော်ရွှင်စွာ ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။