အမျိုးသမီးများအနေနဲ့ မိမိကိုယ်ကို ဘယ်လိုကာကွယ်မလဲ

သည်နေ့ခေတ်မှာ အမျိုးသမီးတွေကို အဓိကထား နှောင့်ယှက်မှုတွေ တနေ့တခြားတိုးပွားလာပါတယ်။ ဓားထောက်ပြီး ပစ္စည်းလုယက် ဓားပြတိုက်တာမျိုးတွေ ကိုယ်ထိလက်ရောက် အန္တရာယ်ပြုမူတာတွေ စသဖြင့် လုပ်လာကြတာတွေ တွေ့ရပါတယ်။ ဒီလို အန္တရာယ်ပြုလာရင် အမျိုးသမီးတစ်ယောက်အနေနဲ့ မိမိကိုယ်ကို ဘယ်လို ကာကွယ်မှာလဲ?? ဘယ်လိုကာကွယ်သင့်သလဲ??

ကဲ အမျိုးသမီးတွေအနေနဲ့ မိမိကိုအကြမ်းဖက်ဖို့ လုပ်တဲ့သူတွေကို အောက်ပါနည်းလမ်း ၈ သွယ်နဲ့ ကာကွယ်လို့ရပါတယ်။

၁။ သင့်အနားကို သူစိမ်းတစ်ယောက် ရန်ပြုနိုင်လောက်တဲ့ အခြေအနေပုံစံမျိုးနဲ့ ချဉ်းကပ်လာပြီဆိုရင် သတိအနေအထားနဲ့နေပါ။

၂။အနားကိုကပ်လာပြီး မိမိကိုယ်ဖမ်းချုပ်ဖို့လုပ်ပီဆိုတာနဲ့ တစ်ပြိုင်နက် ခေါင်းကိုငုံ့ပြီး ရှောင်လိုက်ပါ။

၃။ ပြီးရင် ခေါင်းနဲ့ ဆောင့်တိုက်ထုတ်ပစ်ပါ။

၄။ နာကျင်လို့ သူငုံ့ကျလာချိန်မှာ တံတောင်နဲ့ထောင်းပါ။

၅။ ပြီးရင် မျက်နှာကို ဒူးဖြင့် အားရပါးရ ဆောင့်တိုက်ပါ။

၆။ ဒူူးဖြင့်ဆောင့်ပြီး ပက်လက်လဲကျသွားတဲ့ ရန်သူကို လှိမ့်ကန်ပါ။

၇။ ဒေါက်ဖိနပ်စီးထားလျှင် နာကျင်နိုင်လောက်သည့်နေရာကို ဖိနပိအချွန်နဲ့ ဆောင့်နင်းပါ။

၈။ ရန်သူ နာကျင်ဝေဒနာခံနေရချိန် အနီးဆုံးလူသည်ရာအရပ်သို့သွားပြီး အကူအညီတောင်းခံပါ။

ကဲ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုအကြမ်းဖက်မယ့်သူမျိုးနဲ့ ရင်ဆိုင်လာရပြီ ဆိုရင် အညံ့ခံမယ့်အစား တတ်နိုင်သလောက် မိမိကိုယ်ကို ကာကွယ်ကြပါစို့နော်။ အားလုံးလည်း ဘေးရန်ကင်းဝေးစေဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်…………

Source: သမီးလေးဖတ်ဖို့

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။