စနေနေ့ ည ၈ နာရီမှာ ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ဆွမ်ဆီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ပွဲစဉ် ၉ ပွဲကစားထားပြီးချိန်မှာတော့ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းကတော့ ပွဲစဉ် ၉ ပွဲကစားထားပြီး ချိန်မှာ ရမှတ် ၈မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၄ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၄ ပွဲရှုံး ၁ ပွဲနိုင်ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်း ကတော့ နိုင်ပွဲတွေပြန်လည်ရယူထားခဲ့ကာ ရလဒ်ကောင်းတွေ ရရှိနေတာလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းကတော့ ရလဒ်တွေဆိုးဝါးကာ နောက်ဆုံးငါးပွဲမှာ တစ်ပွဲသာ အနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ လာကာဇတ်တီ၊ အလက်ဆစ်ဆန်းချက်၊ အိုဇေလ်း၊ ဇာခါ၊ ရမ်ဆေး၊ ဘယ်လာရင်၊ ကိုလာစီနက်တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းကတော့ အယူး၊ အေဗရာဟမ်၊ ဘရစ်တန်၊ ရီနာတိုဆန်းချက်၊ အော်ဆန်၊ ကာရိုး တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။အိမ်ကွင်းမှာကစားရမယ့် အာဆင်နယ်အသင်းကတော့ ဆွမ်ဆီးအသင်းကို အနိုင်ကစားသွားမယ်လို့ မျော်လင့်မိတယ်ဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။