မြန်မာဝတ်စုံလေးနဲ့မြင်သူတကာငေးရတဲ့ နန်းထိပ်ထားစံကတော့ ခရေပွင့်လေးတွေနဲ့အပြိုင်လှနေပါတယ်။သူမဟာ မြန်မာဝတ်စုံလေးတွေကို တစ်မျိုးပြီးတစ်မျိုးပုံစံမျိုးစုံ ၀တ်ဆင်တတ်သူတစ်ယောက်ပါ။သူမဟာ မြန်မာဝတ်စုံကို တန်းဖိုထားဝတ်ဆင်သူတစ်ယောက်ဖြစ်ပြီး မြန်မာမိန်းကလေးတွေအားကျစရာ လိုက်ဖက်အောင်ဝတ်ဆင်တတ်သူတစ်ယောက်လဲဖြစ်ပါတယ်။

သူမဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူတစ်ယောက်လဲဖြစ်ပါတယ်။အခုတလော အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ မြန်မာနိုင်ငံမှာလူကြိုက်အများဆုံးသီချင်းတွေကို ဆိုတတ်သူအဆိုတော်မနောရဲ့ သီချင်းသစ်မှာ သူမကပါ၀င်သရုပ်ဆောင်ထားခဲ့ပါတယ်။

ဒီသီချင်းလေးဟာလည်း လတ်တလောများ ကြည့်ရှုသူသိန်းချီခဲ့တဲ့ MTV လေးတစ်ခုပါ။သူမဟာ မြန်မာဝတ်စုံလေးတွေနဲ့ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေဟာ လူမှုကွန်ယက်မှာလူကြိုက်များတဲ့ ဓာတ်ပုံတွေလဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ သနပ်ခါးပါးကွက်ကြားလေးက ချစ်ရာကောင်းတဲ့မြန်မာမလေးတစ်ယောက်ရဲ့အလှကိုဖော်ကျူးထားသလိုပါပဲ။

source - နန်းထိပ်ထားစံ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။