အောက်တိုဘာ ၁၉ ရက်တွင် Kandawgyi Palace Hotel မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်ကျွမ်းမှုကို Level 4 အဆင့် သတ်မှတ်ခဲ့ကြပါတယ်။ အကြောင်းအရင်းအတိအကျကို ယနေ့ထက်ထိ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသော်လည်း ကျွန်းသစ်များဖြင့် ဆောက်လုပ်ထားတဲ့ ဒီဟိုတယ်ကြီးကို ဆုံးရှုံးခဲ့ရတာကြောင့် ပြည်သူအများက ပြောစမှတ်တွင်စရာ နှမြောတသကြီးတစ်ခု ဖြစ်ခဲ့ရပါတယ်။ အာမခံ ထားရှိထားသော်လည်း ပျက်စီးဆုံးရှုံးမှုများနှင့် ယှဉ်လျှင် မပြောပလောက်ဘူးလို့လည်း ယုံကြည်မိပါတယ်။

ယခုအခါတွင် မီးလောင်သွားတဲ့ Kandawgyi Palace Hotel ဟော်တယ်ကြီးကို ဆန်းသစ်လှပတဲ့ မြန်မာမူ ့ လက်ရာဒီဇိုင်းများဖြင့် ကမ္ဘာလှည့် ခရီးသွားများ ဆွဲဆောင်နိုင်ရေး၊ စိတ်ဓါတ်မကျသော မြန်မာတို ့အားမာန် ကို ပြသနိုင်ရေး စသည်တို့ကို ကို ရည်ရွယ်ပြီး အသစ်ထပ်မံတည်ဆောက်မည်ဟု သိရှိရပါတယ်။ မီးဘေး ထပ်မံမကျရောက်စေနိုင်ရန်အတွက် ကမ္ဘာ့အဆင့်မီ Fire safety system, auto alarm, sensor များ ပါဝင်သော 5Stars hotel ကြီးအဖြစ် အသစ်ပြန်လည်ရေးဆွဲ၍ အမြန် ပြန်လည်တည်ဆောက်ရန် ကြိုးစားနေသည်ဟုလည်း သိရှိရပါတယ်။ 

HTOO group of Company (ဦးတေဇ) အနေဖြင့်လည်း ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်းတသောင်း လှူဒါန်းထားသည့်အပြင် ရန်ကုန်မြို ့ရှိ အခြေခံလူတန်းစားများ ဘဝနေထိုင်ရေးအတွက် စျေးနှုန်းမြှင့်နေသော အိမ်ဌားခ ပြသနာများအတွက် တန်ဖိုးနည်းအိမ်ယာ၊ တန်ဖိုးသင့် အိမ်ယာများကို AGD bankနှင့်ချိတ်ဆက် ပြီး အိမ်ယာတိုက်ခန်းများ ဆောက်လုပ်သွားရန်စီစဉ်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Credit : Aung Kyaw San’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။