စနေနေ့ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်ဘရွန်းအသင်းဟာ မန်စီးတီးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။ဝက်ဘရွန်းအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အပြီးရပ်တည်မှုဟာ ရမှတ် ၁၀ မှတ် နဲ့ အဆင့် ၁၃ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ ကစားထားပြီးချိန်မှာတော့ ရံှူးပွဲလုံးဝမရှိသေးပဲ ရမှတ် ၂၅ မှတ် ရရှိထားကာ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။

ဝက်ဘရွန်းအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာ နိုင်ပွဲမရရှိထားပဲ ၃ ရှုံး ၂ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ရာနူန်းပြည့် နိုင်ပွဲရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်း တိုက်စစ်ကိုတော့ အိမ်ရှင် ဝက်ဘရွန်းအသင်းအနေနဲ့ ထိန်းချူပ်ကစားဖို့ ခက်ခဲမှာတော့ အမှန်ပါပဲ။

ဝက်ဘရွန်းအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ရွန်ဒွန်၊ လီဗာမိုး၊ ရိုဒရီဂွက်၊ ယာကော့ ၊ ချက်လ်ဒီ၊ ကီရန်ဂစ် တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဂျီဆပ်၊ အဂူရို၊ ဖာနန်ဒင်ဟို၊ ဒီဘရူနီ၊ ဒေးဗစ်ဆေးဗာလ်း ၊ ဆာနေး တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။အိမ်ရှင်ဝက်ဘရွန်းအသင်းဟာ ၉ ပွဲမှာ ၇ ဂိုးသွင်းယူထားပြီး ၁၀ ဂိုး ပြန်ပေးထားရတဲ့ ခံစစ်ကြောင်းက စိုးရိမ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့ တိုက်စစ်ဟာ ဒီနေ့ပွဲမှာ အနိုင်ရယူသွားဖို့ ဘယ်နှဂိုးသွင်းယူသွားနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမယ်ဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။