မအေးသောင်းကတော့ချစ်စရာပုံစံလေးတွေနဲ့ပရိသတ်တွေရင်ထဲပြန်လည်ရောက်ရှိလာတာပဲဖြစ်ပါတယ်။ပရိသတ်တွေနဲ့ချစ်ခင်အားပေးမှုကိုယနေ့ထိတိုုင်ဆက်လက်ထိန်းသိမ်းထားနိုင်သူပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့မအေးသောင်းခေါ်အေးဝတ်ရည်သောင်းဟာအလှူအတန်းလေးတွေလဲများစွာလုပ်ကိုင်လျက်ရှိပါတယ်။သူမရဲ့လူမှုကွန်ယက်ကနေလဲသူမပြုလုပ်တဲ့ကုသိုလ်ဒါနလေးအလှူလေးတွေကိုလဲပရိသတ်တွေအတွက်အမြဲမျှဝေပေးနေတာလဲတွေ့ရပါတယ်။

မအေးသောင်းဟာသူမချစ်ရတဲ့သူငယ်ချင်းတွေနဲ့ကျိုက်ဝိုင်းကမသန်စွမ်းကျောင်းလေးမှာသွားရောက်လှူဒါန်းခဲ့တယ်လို့သိပါတယ်။အောက်တိုဘာ၂၈ရက်နေ့မနေ့ကသွားရောက်လှူဒါန်းခဲ့တာဖြစ်တယ်လို့လဲသိရပါတယ်။သူမရဲ့လူမှုကွန်ယက်ကနေလဲ"မနေ့ကကျိုက်ဝိုင်းမသန်စွမ်းကျောင်းလေးမှာလှူခဲ့တာလေးပါ"ဆိုတဲ့စာလေးနဲ့အတူသူမရဲ့ချစ်စရာပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးသာဓုခေါ်ဆိုနိုင်ရန်မျှဝေပေးထားတာပဲဖြစ်ပါတယ်။

မအေးသောင်းဟာအနုပညာလုပ်ငန်းတွေပြန်လည်လုပ်ကိုင်လျက်ရှိပြီးပရိသတ်တွေရဲ့အချစ်ကိုရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။သူမရဲ့ငယ်ဘဝပုံရိပ်လေးတွေမျှဝေခဲ့တာကြောင့်လဲပရိသတ်တွေအချစ်ပိုစေခဲ့ပဲဖြစ်ပါတယ်။အချိန်ရရင်ရသလိုပရဟိတလုပ်ငန်းလေးတွေလဲလုပ်ကိုင်လျက်ရှိပါတယ်လို့ဆိုပါတယ်။မနေ့ကသူမလှူဒါန်းခဲ့တဲ့ကျိုက်ဝိုင်းမသန်စွမ်းကျောင်းကအမှတ်တရပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - အေးဝတ်ရည်သောင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။