မြန်မာနိုင်ငံရဲ့ရိုးရာဓလေ့တစ်ခုဖြစ်တဲ့တန်ဆောင်တိုင်မီးထွန်းပွဲတော်အချိန်အခါသမယကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်။ယခုလိုအချိန်အခါသမယမှာမြန်မာနိုင်ငံရဲ့နေရာဒေသတိုင်းလိုလိုဘုံကထိန်များ,ငွေပဒေသာပင်များပြုလုပ်လှူဒါန်းကြတာကလဲမြန်မာရိုးရာချစ်စရာဓလေ့တစ်ခုပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာလဲတန်ဆောင်တိုင်မီးထွန်းပွဲတော်ကိုစည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပါတယ်။

မြို့နယ်များအလိုက်ဘုံကထိန်များငွေပဒေသာပင်များပြုလုပ်လှူဒါန်းလျက်ရှိပြီးလမ်းတိုင်းလမ်းတိုင်းမှာလဲစတုဒီယာကျွေးမွေးခြင်းအလှူများနဲ့ကုသိုလ်ပြုလျက်ရှိတာပဲဖြစ်ပါတယ်။နှစ်စဉ်နှစ်တိုင်းမတူညီတဲ့ဖန်တီမှုအသစ်အဆန်းတွေနဲ့ရန်ကုန်မြို့နေပြည်သူတွေအပန်းဖြေအနားယူနိုင်ရန်စီစဉ်ကျင်းပလျက်ရှိတာပဲတယ်။ယခုနှစ်မှာလဲရန်ကုန်တိုင်းဒေသကြီးတန်ဆောင်တိုင်မီးထွန်းပွဲတော်ကျင်းပရန်အတွက်မဟာဗန္ဓုလပန်းခြံအတွင်းပရီမီယာကော်ဖီရဲ့ကူညီပံ့ပိုးမှုနဲ့အတူမီးအလှများပြင်ဆင်ထားလျက်ရှိတာပဲဖြစ်ပါတယ်။အဆိုပါမီးအလှပြင်ဆင်းထားကြောင့်ပြည်သူများလာရောက်အပန်းဖြေကြပြီးအလှဓာတ်ပုံများရိုက်ကူးသူများနဲ့စည်ကားလျက်ရှိတာပဲဖြစ်ပါတယ်။တန်ဆောင်တိုင်ပွဲတော်အတွက်မီးအလှများပြင်ဆင်ထားတဲ့မြင်ကွင်းပုံရိပ်တွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photo - credit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။