"ရင်ဘတ်ထဲကဓား"ရုပ်ရှင်ဇာတ်ကားကြီးဟာပရိသတ်တွေသိကြတဲ့အတိုင်းရုံမတင်ခင်ထဲကပင်အရမ်းကိုနာမည်ကြီးနေတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ရင်ဘတ်ထဲကဓားဆိုတဲ့အတိုင်းပဲပရိသတ်တွေရင်ထဲကိုအနုပညာပန်းတိုင်တစ်ခုစိုက်ထူနိုင်ခဲ့တာပဲဖြစ်ပါတယ်။အောက်တိုဘာ၂၉ရက်နေ့ဒီနေ့မှာတော့ရှေ့ဆောင်ရုပ်ရှင်ရုံကြီးမှာရုံတင်ပြသခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ချစ်အနုပညာရှင်များကလဲအမှတ်တရလက်မှတ်ရေးထိုးခဲ့ပေးခဲ့ကြတာဖြစ်ပြီးပရိသတ်တွေရုံပြည့်ရုံလျှံလာရောက်အားပေးခဲ့ကြတယ်လို့သိရပါတယ်။

ဒီနေ့မှာတော့"ရင်ဘတ်ထဲကဓား"ရုပ်ရှင်ကားကြီးရဲ့အဓိကဇာတ်ကောင်များဖြစ်ကြတဲ့သရုပ်ဆောင်ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ကလက်မှတ်ထိုးပေးခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ချစ်အူဝဲဟာလက်မှတ်ရေးထိုးပွဲမှာခြေထောက်ဒဏ်ရာရရှိတာတောင်နာရကောင်းမှန်းမသိပဲရိသတ်တွေကိုလက်မှတ်ထိုးပေးခဲ့တယ်လို့သိရပါတယ်။လက်မှတ်ထိုးဖို့ရုံထဲအဝင်ပရိသတ်တွေအရမ်းများတာကြောင့်ချစ်ပရိသတ်တွေရဲ့မတော်တဆအနင်းခံလိုက်ရတာဖြစ်ပြီးခြေသည်းလန်သွားခဲ့တာပဲဖြစ်ပါတယ်။အူဝဲဟာခြေသည်းလန်သွားပေမယ့်,ထိုင်နေတဲ့ခုံရွှေ့သွားတဲ့အထိပရိသတ်တွေတိုးဝှေ့ခဲ့ကြပေမယ့်အပြုံးမပျက်ပဲချစ်ပရိသတ်တွေအတွက်လက်မှတ်ရေးထိုးပေးခဲ့တာပဲဖြစ်ပါတယ်။

ချစ်ပရိသတ်များမှလဲတီတီနဲ့အူဝဲအတွက်ချစ်စရာအရုပ်လေးတွေလက်ဆောင်ပေးခဲ့ကြတယ်လို့သိရပါတယ်။ပရိသတ်တွေပေးခဲ့တဲ့အရုပ်လေးတွေအပြင်ပရိသတ်တွေထင်ကြေးပေးနေတဲ့အကယ်ဒမီရုပ်ရွှေစင်ရုပ်တုကြီးကိုအူဝဲပိုင်ဆိုင်နိုင်မလားဆိုတာလဲစောင့်မျှော်ရင်ခုန်ကြရမှာပဲဖြစ်ပါတယ်။ရင်ဘတ်ထဲကဓားရုပ်ရှင်ကားကြီးရဲ့ဒီနေ့လက်မှတ်ထိုးပွဲလေးကိုပရိသတ်တွေအုတ်အုတ်ကျပ်ကျပ်လာရောက်အားပေးကြတဲ့အမှတ်တရပုံရိပ်တွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - အိန္ဒြာကျော်ဇင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။