ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် မင်းသမီးချောလေး အကယ်ဒမီ စိုးပြည့်သဇင်ဟာ ရင်ဘတ်ထဲကဓား ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ဝင်တေးသီချင်းကို သီဆိုထားတာ ဖြစ်တယ်လို့ သိရပါတယ်..။ ခံစားချက်အပြည့် ခံစားချက်အပြင်းစားတွေနဲ့ သီဆိုထားတဲ့ သူမရဲ့တေးသီချင်းဟာ ဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်းအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်..။ တေးသီချင်းနာမည်ကတော့ “မယုံနိုင်သော”လို့ အမည်ရပြီး တေးရေးကတော့ ညီမင်းခိုင် ဖြစ်တယ်လို့ သိရပါတယ်..။ ခံစားချက်အပြင်းစားတွေနဲ့ သီဆိုထားတဲ့ သူမရဲ့ တေးသီချင်းဟာ “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားနဲ့ လိုက်ဖက်ညီတဲ့ တေးသီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်..။

“ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံမတင်မှီကတည်းက ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ ဇာတ်ကား တစ်ကားဖြစ်ပြီး စတင်ရုံတင်ပြသတဲ့ နေ့မှာပဲ ကြည့်ရှုသူ ပရိသတ်အများအပြားရရှိခဲ့ပြီး ရုံပြည့်ရုံလျှံ ဖြစ်တဲ့အထိ အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားလည်း ဖြစ်ပါတယ်..။ အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝိုင်းက ရိုက်ကူးပုံဖော်ထားပြီး ပြေတီဦး၊ ထွန်းအိန္ဒြာဗိုလ် နဲ့ အိန္ဒြာကျော်ဇင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အိမ်ထောင်ရေး ဒရမ်မာ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်..။ ပြည်သူပရိသတ်များသာမက အနုပညာရှင် အချင်းချင်းကတောင် အားပေးနှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလည်း ဖြစ်ခဲ့တာ ဖြစ်ပါတယ်..။

ရင်ဘတ်ထဲကဓား ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်းကို သီဆိုထားတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်စွာ သူမရဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုကိုလည်း ရရှိပိုင်ဆိုင်ထားသလို တေးသီချင်းများကိုလည်း သီဆိုဖျော်ဖြေမှုများမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူဖြစ်ပါတယ်…။ ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားတဲ့ စိုးပြည့်ဟာ အလှူဒါန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိသူလည်း ဖြစ်ပါတယ်..။ စိုးပြည့်သဇင်ဟာ “မိုးညအိမ်မက်မြူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ၂၀၀၉ ခုနှစ်က ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။ လတ်တလောမှာတော့ ဇာတ်ကားများ ရိုက်ကူးမှုတွေနည်းပါးနေပေမယ့် ပရိဟိတအလှူတွေနဲ့ အလှူဒါန်းတွေကို အမြဲပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။