မော်ဒယ်မင်းသားအလင်းရောင်တစ်ယောက်တော့ ခရီးတွေပျော်ပျော်ကြီးသွားနေပါတယ်။ Singapore / Indonesia စတဲ့နိုင်ငံတွေကို အလည်အပတ် ခရီးစဉ်အဖြစ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပျော်စရာကြီးနော်။ Facebook ပေါ်မှာလဲအလှအပရှုခင်းတွေနဲ့ အလင်းရောင် ရဲ့ပုံရိပ်တွေကို တွဲဖက်ပြီး ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးထားပါသေးတယ်။

အလင်းရောင်ဟာဆိုရင် ပရိတ်သတ်အခိုင်အမာရရှိနေတဲ့ မင်းသားချောတစ်ယောက်ဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ ကိုကိုဖြစ်နေသူလေးပါ။ MRTV-4 ကထုတ်လွှင့်တဲ့ ဇာတ် လမ်းတွဲ ဖြစ်တဲ့ “ မနေ့ကဖြစ်သည် ” ဇာတ်လမ်းတွဲမှာလည်း ကလေးသရုပ်ဆောင်ကနေ အ ရွယ်ရောက်လာတဲ့ အချိန်မှာ အရမ်းကိုချစ်စရာကောင်းလာတဲ့ ယွန်းယွန်းနဲ့ တွဲဖက်သရုပ် ဆောင်ထားတာပဲဖြစ်ပါတယ်။ ခုလက်ရှိ နောက်ဆုံးမှာ အလင်းရောင်ပါဝင်ရိုက်ကူးထားတဲ့ “ သမ္မတကြီးထံပေးစာ ” ရုပ်ရှင်ဇာတ်ကားဟာလဲ ရိုက်ကူးပြီးစီးသွားပြီပဲဖြစ်ပါတယ်။

မင်းသားအလင်းရောင်ရဲ့ခရီးစဉ်တွေမှာ ရိုက်ကူးခဲ့တဲ့ပုံရိပ်တွေကို စုစည်းပြီး ပရိတ်သတ်ကြီး အတွက် တင်ပြပေးလိုက်ပါတယ်နော်။ အလင်းရောင်ကလဲချောပြီးသန့်နေသလို ရှုခင်းတွေ ကလဲ အရမ်းကိုလှနေတော့ ပြောစရာကိုမလိုတော့ပါဘူး ပရိတ်သတ်ကြီးရေ။ အရမ်းကိုမိုက် နေတာပါပဲ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။