သုသုကို သိကြလားပရိတ်သတ်ကြီး သိမှာသေချာပါတယ်နော်။ ချစ်စရာအမူအရာလေးတွေနဲ့ ပရိတ်သတ်ကိုအမြဲတမ်း ပျော်ရွှင်စေတတ်သူပေါ့။ Live တွေလဲ မကြာခဏလွှင့်ပြီး ပရိတ် သတ်တွေနဲ့ In Touch ဖြစ်လွန်းသူလေးပေါ့။ သူမရဲ့နေ့စဉ် Activity လေးတွေကို ပရိတ်သတ် ကြီးကို အမြဲတမ်းအသိပေးတတ်တဲ့ ချစ်စရာကောင်းတဲ့ အလှဖန်တီးရှင်တစ်ယောက်ပါ။

သူမရဲ့ Mandalay FM Radio Festival တက်ရောက်ခဲ့တဲ့ အရမ်းမိုက်တဲ့ ပုံရိပ်တွေကတော့ Facebook ပေါ်မှာအများအပြားတွေ့ရပါတယ်။ ကော်ဇောနီပေါ်မှာ တစ်လှမ်းခြင်း လှမ်း လျှောက်သွားပြီး အနက်ရောင်ပေါင်ကွဲဂါဝန်ရှည်ကို ဝတ်ဆင်ထားတဲ့ သုသုတစ်ယောက် ဘယ်လိုတွေတောင်လှနေလဲဆိုတာ ပရိတ်သတ်ကြီး ပုံတွေကိုသာ ရှုစားလိုက်ပါနော်။

သူမရဲ့ Short Film လေးကလဲ ချစ်စရာကောင်းလွန်းလှပါတယ်။ လမ်းလျှောက်ပြီး အနော က်ဖက်ကိုလှည့်ကြည့်ကာ ဆံနွယ်ရှည်တွေကို ဝဲခါလိုက်ပုံက တကယ့်ကိုအမိုက်စားပါပဲ။ အရမ်းကို Smart ကျလွန်းလို့ သုသုရဲ့ပရိတ်သတ်တွေအကြိုက်တွေ့နေတဲ့ Video File လေးပါ  ပဲ။ ပရိတ်သတ်ကြီးလဲ ကြည့်ရှုနိုင်ဖို့ Video လေးကို အဆုံးမှာတင်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။