ပရိသတ်တွေမြင်တွေ့ရတဲ့ချစ်စရာမင်းသမီးချောလေး၂ယောက်ကတော့ဖွေးဖွေးနဲ့မေမြင့်မိုရ်ပဲဖြစ်ပါတယ်။ပန်းရောင်အကျီ ၤလေးကိုဝတ်ဆင်ထားတဲ့ဖွေးစိန်ဟာဝိတ်တွေချပြီးလှနေပါတယ်။အနက်

ရောင်မဟူရာမင်းသမီးချောလေးမေမြင့်မိုရ်ဟာဆိုရင်လဲအရမ်းကိုလှလို့နေပါတယ်။အလန်းစားဖက်ရှင်တွေကိုဝတ်ဆင်ထားပြီးလှနေတဲ့မင်းသမီးချောလေး၂ယောက်ဘယ်ကိုသွားပြီးဘာတွေလုပ်နေတယ်ဆိုတာပရိသတ်တွေစိတ်ဝင်စားနေလောက်မယ်ထင်ပါတယ်။ 

ဟုတ်ပါတယ်ပန်းရောင်မင်းသမီးလေးနဲ့မဟူရာမင်းသမီးချောလေး၂ယောက်ကိုဖက်ရှင်ရှိုးပွဲလေးတစ်ခုမှာအတူတွဲတွေ့ရတာပဲဖြစ်ပါတယ်။အောက်တိုဘာ၂၉ရက်နေ့မနေ့ညကပြုလုပ်ကျင်းပခဲ့တဲ့ဖက်ရှင်Designerဖြိုးကိုရဲ့ဖက်ရှင်ရှိုးပွဲလေးကိုတက်ရောက်လာတာပဲဖြစ်ပါတယ်။မတူညီတဲ့ပုံစံလေးတွေနဲ့အလှချင်းပြိုင်နေတဲ့ပရိသတ်အချစ်တော်၂ယောက်ပဲဖြစ်ပါတယ်။မင်းသမီးချောလေး၂ယောက်ရဲ့လူမှုကွန်ယက်မှာလဲ " ဒီနေ့ပွဲတက်ပုံလေးတွေအမှတ်တရ"ဆိုတဲ့စာသားလေးနဲ့အတူအလန်းစားဖက်ရှင်တွေနဲ့ချစ်စရာပုံရိပ်လေးတွေကိုပရိသတ်တွေအတွက်မျှဝေထားတာပဲဖြစ်ပါတယ်။

ပရိသတ်ချစ်တဲ့မင်းသမီးချောလေး၂ယောက်ဟာပရိသတ်အတွက်အနုပညာလုပ်ငန်းတွေကြိုးစားလုပ်ကိုင်နေသူတွေပဲဖြစ်ပါတယ်။ဖွေးစိန်ဟာလဲနောက်ထပ်ရိုက်ကူးမယ်ရုပ်ရှင်ကားကြီးအတွက်ဝိတ်တွေချကာပရိသတ်အတွက်ကြိုးစားနေတာပဲဖြစ်ပါတယ်။မင်းသမီးချောလေးမေမြင့်မိုရ်ဟာလဲမန္တလေးမှာအနုပညာလုပ်ငန်းတွေသွားရောက်လုပ်ကိုင်ပြီးပြန်လည်ရောက်ရှိလာတာပဲဖြစ်ပါတယ်။Designerဖြိုးကိုရဲ့ဖက်ရှင်ရှိုးပွဲလေးမှာအတူတွေ့ရတဲ့ဖွေးစိန်နဲ့မေမြင့်မိုရ်တို့ရဲ့ချစ်စရာပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ဖွေးဖွေး/မေမြင့်မိုရ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။