မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာအသင်းဟာ အဲဗာတန်အသင်းကို ၂ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။လက်စတာအသင်းရဲ့ နည်းပြသစ် ကလောဒီပေါဘ် ရဲ့ ပွဲဦးထွက်နိုင်ပွဲလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းကတော့ ရလဒ်တွေဆိုးဝါးနေဆဲဖြစ်ကာ အဆင့် ၁၈ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။လက်စတာအသင်းကတော့ အဆင့် ၁၁ နေရာထိ ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

လက်စတာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဗာဒီ၊ မာရက်စ်၊ အီဘိုရာ၊ အမ်ဒီဒီ၊ ဂါရေး၊ ချေးဝဲလ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ လီဝန်၊ ရွန်နီ၊ မီရားလက်၊ ဂွာရီ၊ ဒေးဗစ် ၊လန်နွန် ၊ လစ်တိန်ဘိန်း တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းကတော့ နည်းပြ ရော်နယ်ကိုလ်းမန်းကို ထုတ်ပယ်ခဲ့ပေမဲ့ နှစ်ပွဲဆက် အရှုံးရလဒ်ကိုရရှိထားခဲ့တာလည်းဖြစ်ပါတယ်။

လက်စတာအသင်းအတွက် အဖွင့်ဂိုးကိုတော့ ၁၈ မိနစ်မှာ ဗာဒီက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၂၉ မိနစ်မှာတော့ ဂါရေး က လက်စတာအသင်းအတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။အဲဗာတန်အသင်းဟာ ဦးဆောင်ဂိုးတွေပေးခဲ့ရပြီးနောက်ပိုင်း တိုက်စစ်တရစပ် ဆင်ခဲ့ပေမဲ့ လိုအပ်နေတဲ့ ဂိုးတွေကိုတော့ သွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။