မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေ ပွဲစဉ်မှာ နာပိုလီအသင်းဟာ ဆက်ဆူအိုလို အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ပွဲစဉ် ၁၁ ပြီးဆုံးတဲ့ အချိန် မှာတော့ နာပိုလီအသင်းဟာ ရမှတ် ၃၁ မှတ်နဲ့ ဇယားထိပ်ဆုံးမှာဦးဆောင်နေတာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းကို ၃ မှတ်ဖြတ်ထားနိုင်တာလည်းဖြစ်ပါတယ်။စီးရီးအေပွဲစဉ် ၁၁ အပြီးမှာတော့ ရှုံးပွဲမရှိသေးတဲ့ အသင်းတွေအဖြစ် နာပိုလီအသင်းနဲ့ အင်တာမီလန်အသင်းသာ ရှိနေတာလည်းဖြစ်ပါတယ်။ 

နာပိုလီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အစ်ဇဂနီ၊ မာတင်၊ ကယ်လီဂျွန်၊ ဟမ်ဆစ်၊ ဖရက်လို၊ မားကွက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆက်ဆူအိုလိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရာဂူဆာ၊ ဖယ်ဆီနယ်လီ၊ ပိုလီတာနို၊ ကာဆာတာ၊ ဆမ်ဆီ၊ မက်ဇီတယ်လီ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းရဲ့ တိုက်စစ်ကတော့ ပျှမ်းမျ တစ်ပွဲကို သုံးဂိုး နီးပါး သွင်းယူထားနိုင်တာလည်းဖြစ်ပါတယ်။

နာပိုလီအသင်းအတွက် အဖွင့်ဂိုးကိုတော့ မားကွက်က ၂၂ မိနစ်မှာသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၄၁ မိနစ်မှာတော့ ဖယ်ဆီနယ်လီ က ဆက်ဆူအိုလို အသင်းအတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။၃ မိနစ်အကြာမှာပဲ ကယ်လီဂျွန်က နာပိုလီအသင်းအတွက် ဦးဆောင်ဂိုး ပြန်လည်းသွင်းယူပေးနိုင်ခဲ့ပါတယ်။ပထမပိုင်းပြီးဆုံးတဲ့ အချိန်မှာတော့ နာပိုလီအသင်းဟာ ၂ ဂိုး ၁ ဂိုး နဲ့ ဦဆောင်နေခဲ့တာဖြစ်ပါတယ်။နာပိုလီအသင်းအတွက် အနိုင်သေချာစေမဲ့ဂိုးကိုတော့ ၅၄ မိနစ် မှာ ဒရိုင်းမာတင် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။