အောက်တိုဘာ၂၉ရက်နံနက်(၈)နာရီခွဲတွင်ရခိုင်ပြည်နယ်,မောင်တောမြို့နယ်,မြို့ဦးရွာအဝင်လမ်းတံတားအောက်တွင်လက်လုပ်မိုင်းအလုံး(၄၀)တွေ့ရှိခဲ့တယ်သိရပါတယ်။အဆိုပါလက်လုပ်မိုင်းများကိုတံတားထိပ်နေအိမ်မှကိုညွန့်တင်ဆိုသူကတွေ့ရှိခဲ့ခြင်းဖြစ်ပြီးမောင်တောမြို့မရဲစခန်းမှတာဝန်ရှိသူများကိုအကြောင်းကြားခဲ့တာကြောင့်သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များမှစစ်ဆေးဖယ်ရှားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တွေ့ရှိခဲ့သည့်လက်လုပ်မိုင်းများမှာPVCပလတ်စတစ်ပိုက်ဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီးအချင်းတစ်လက်မခွဲ၊အလျားခြောက်လက်မရှိတဲ့လက်လုပ်မိုင်းအမျိုးအစားဖြစ်တယ်လို့သိရပါတယ်။လက်လုပ်မိုင်းစုစုပေါင်းအလုံး၄၀စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီးတပ်မတော်BEတပ်မိုင်းရှင်းလင်းရေးအဖွဲ့ကဖယ်ရှားရှင်းလင်းကာသိမ်းဆည်းသွားတယ်လို့သိရပါတယ်။၂၀၁၇ခုနှစ်သြဂုတ်(၂၅)ရက်နောက်ပိုင်းတွင်ရခိုင်ပြည်နယ်မောင်တောခရိုင်အတွင်းဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုများထပ်မံဖြစ်ပွားခဲ့ပြီးလက်လုပ်မိုင်းနှင့်ဖောက်ခွဲရေးပစ္စည်းများမကြာခဏဖမ်းဆီးရမိမှုများရှိခဲ့တယ်လို့သိရပါတယ်။

ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများမှာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဒေသခံတိုင်းရင်းသားများအားချောင်းမြောင်းပစ်ခတ်တိုက်ခိုက်လေ့ရှိပြီးယခုလဆန်းကလည်းဒေသခံတိုင်းရင်းသားနှစ်ဦးဘင်္ဂါလီများ၏တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မောင်တောခရိုင်အတွင်းပြီးခဲ့သောသြဂုတ်လကဖြစ်ပွားခဲ့သည့်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်ပုဒ်မ၁၄၄ဆက်လက်ထုတ်ပြန်ထားပြီး လုံခြုံရေးတပ်ဖွဲ့ အင်အားလျှော့ချခြင်းမရှိသေးကြောင်းပြည်နယ်အစိုးရအဖွဲ့၏ထုတ်ပြန်ချက်များအရ သိရပါတယ်။

Source - Eleven Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။