ရုပ်ရှင်သရုပ်ဆောင် စည်သူမောင်ဟာ ဖြူဖြူထွေးရဲ့ ဟာသတွေကို အရမ်းသဘောကျတယ်လို့ ဆိုပါတယ်..။ လတ်တလော ရေပန်းအစားဆုံးနဲ့ ပရိသတ်စိတ်ဝင်စားမှုများ ရရှိနေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသူလေး ဖြူဖြူထွေးဟာ အွန်လိုင်းမှာ ဟာသ ဗီဒီယိုလေးတွေနဲ့ ပရိသတ်အားပေးမှုများ ရရှိထားသူတစ်ဦး ဖြစ်ပါတယ်..။ သူမရဲ့ ရယ်စရာ ဟာသ ဗီဒီယိုလေးတွေကို ပရိသတ်တော်တော်များများ ကြိုက်နှစ်သက်ပြီး အချို့ကိုးရိုးကားယား ဗီဒီယိုများကြောင့် ဝေဖန်မှုအချို့လည်း ရှိခဲ့ပါတယ်..။ ဝေဖန်မှုများကြောင့်လည်း ကိုးရိုးကားယား ဇာတ်ရုပ်တွေ ထပ်မံ မလုပ်တော့ဘူးလို့လည်း ပရိသတ်တွေကိုလည်း ပြန်လည်ပြောကြားခဲ့တယ်လို့ သိရပါတယ်..။ ဖြူဖြူထွေးကတော့ သူမရဲ့ ဟာသ ဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေကို ရယ်မော ပျော်ရွှင်စေခဲ့ပါတယ်…။

သရုပ်ဆောင် စည်သူမောင်ကလည်း ဖြူဖြူထွေးရဲ့ ဟာသလေးတွေကို အရမ်းသဘောကျတယ်လို့ ဆိုပါတယ်..။ စည်သူမောင်က သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ပြောထားးပါတယ်..။ “အဲ့ကောင်မလေး Phyu Phyu Htwe ကို စသတိထားမိတာ ရှေးလူရွှင်တော်ကြီး ဓါတ်ဆီ ဓါတ်ဆံ တို့ရဲ့ အသံကို ဟာသသရုပ်ဖော်တာ အရမ်းသဘောကျလို့ Save တောင်လုပ်ထားမိသေး.... ကိုအရည်ကြိုရဲ့မွေးနေ့ပွဲမှာတွေ့တော့ ညီမလေး ဓါတ်ဆီ ဓါတ်ဆံ လေးအသစ်လုပ်ပါဦး လို့ပြောတော့ လုပ်မယ်အစ်ကို စာမေးပွဲရှိနေလို့ ပြီးရင် ထပ်လုပ်မယ်တဲ့...။ ခု သူပြောသလို ထပ်ထွက်လာပါပြီ အရင်ကထပ် ပိုကောင်းလာတယ် သဘောကျတယ် စိတ်ညစ်တဲ့အချိန်တိုင်း ပြန်ဖွင့်ကြည့်ဖို့ Save ထပ်လုပ်ထားလိုက်ပီ ညီမလေးရေ ...Part 2 မျှော်နေမယ်...” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

ဖြူဖြူထွေးဟာ fb စာမျက်နှာမှာ ဟာသသရုပ်ဖော် ဗီဒီယိုဖိုင်များနဲ့ နာမည်ရရှိလာပြီး ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းမှုများကို ရရှိခဲ့တယ်လို့ သိရပါတယ်..။ ဖြူဖြူထွေးကတော့ သူမရဲ့ ဟာသ ဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေကို ရယ်မော ပျော်ရွှင်စေခဲ့ပါတယ်…။ ပရိသတ်တွေနှင့်အတူ အနုပညာရှင်တွေကပါ နှစ်သက်အားပေးမှုများ ရရှိခဲ့ပါတယ်..။ လတ်တလောမှာတော့ ကြော်ငြာများ ရိုက်ကူးနေပြီး မဂ္ဂဇင်း၊ဓာတ်ပုံ ကြော်ငြာများလည်း ရိုက်ကူးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်..။ ဇာတ်ကားများမှာလည်း ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။