သင့်ရဲ့ လက်သီးဆုပ်တဲ့ပုံစံကနေ သင်တောင်မသိထားတဲ့ သင့်အကြောင်းတွေကို သိနိုင်ပါတယ်။

၁) လက်မကို ဘေးဘက်မှာထားပြီးဆုပ်ခြင်း

သင့်ရဲ့လက်မဟာ လက်သီးဆုပ်ရဲ့ ဘေးဘက်အနေအထားမှာ ထားပြီးဆုပ်တတ်တယ်ဆိုရင်တော့ သင်ဟာ ကြင်နာတတ်ပြီး တစ်ကိုယ်ကောင်းမဆန်တတ်တဲ့သူပါ။ သင့်ရဲ့ပတ်ဝန်းကျင်ကလူတွေက သင့်ကို ဒါနဲ့ပတ်သတ်လို့ အခွင့်ကောင်းယူတတ်ကြပြီး သင့်မှာ စိတ်ထိခိုက်ခံစားတတ်ရပါတယ်။ သင်ဟာ စူးစမ်းလေ့လာရှာဖွေပြီး သင်ယူရတာကို သဘောကျပြီး ကိုယ့်အစွမ်းအစကို ဖော်ပြတတ်တယ်လို့ဆိုပါတယ်။

၂) လက်မကို လက်ညိုးနဲ့လက်ခလယ်ပေါ် ဘေးတိုက်ထားပြီးဆုပ်ခြင်း

ဒီလို ဆုပ်တတ်တဲ့သူမျိုးကတော့ အင်မတန် တီထွင်ဖန်တီးဉာဏ်ရှိတဲ့သူတွေပြဲဖစ်ပါတယ်။ ထက်မြက်ပြီး ကိုယ့်ကိုကိုယ်ချစ်တတ်ပြီး ဘေးပတ်ဝန်းကျင်က လူတွေ ကိုယ့်အပေါ်ဘဲ အာရုံစိုက်လာအောင် ဆွဲဆောင်နိုင်ပါတယ်။ ယုံကြည်မှုရှိတတ်ပေမယ့်လဲ ကြောက်စိတ်ကြောင့် ဆုံးဖြတ်ချက်အမှားတွေကို ချတတ်တဲ့သူဖြစ်ပါတယ်။

၃) လက်မကို လက်သီးဆုပ်ထဲထည့်ထားပြီး ဆုပ်တတ်ခြင်း

သင်ဟာ ဆွဲဆောင်မှုရှိပြီး စိတ်မတည်ငြိမ်တဲ့သြူုဖစ်ပေမယ့် အပြင်ပန်းမှာ တည်တည်ကြည်ကြည်နေတတ်သူပါ။ အလွာ်တကူဝမ်းနည်းတတ်ပြီး အလွယ်တကူစိတ်ထိခိုက်တတ်သူတွေလို့လဲ ဆိုပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။