အောက်တိုဘာ ၂၅ ရက်နေ့က တရုတ်နိုင်ငံ အရှေ့ဖက် အန်းဝှေးခရိုင်ရှိ ဟာဖေးမြို့မှာ အသက် ၆ နှစ်အရွယ် ယောကျာ်းကလေးတစ်ဦး နံရံနှစ်ခုကြားမှာ ဦးခေါင်းဟာ ညှပ်နေမိခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် မီးသတ်သမားတွေဟာ ထိုကလေးငယ်ရဲ့ ခေါင်းကို နံရံကြားကနေပြန်ထုတ်ပေးခဲ့ပြီး ကယ်တင်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ခုလို နံရံနှစ်ခုကြား ဦးခေါင်းညှပ်ခဲ့ခြင်းမှာ ထိုကလေးငယ်ဟာ မူလတန်းကျောင်းမှာ အတန်းဖော်တွေနဲ့ ကစားနေရင်း ဖြစ်ခဲ့တယ်လို့လည်းသိရှိရပါတယ်။ရုပ်သံတွေထဲမှာတော့ မီးသတ်သမားတွေဟာ ကလေးကို ကြိုးစားပမ်းစားကယ်တင်နေခဲ့ရတာကိုတွေ့ရပါတယ်။ပထမဦးဆုံး ဟင်းချက်ဆီတွေကို နံရံနဲ့ ကလေးငယ် ဦးခေါင်းကြား ထည့်ကာ နံရံချောလာပြီး ချောင်လာအောင် မီးသတ်သမားတွေကြိုးစားခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ကလေးရဲ့ ဦးခေါင်းကို အဝတ်နဲ့ကာထားပြီး နံရံဘေးကို တူနဲ့ ကိရိယာ အချို့အသုံးပြုကာ ဖဲ့ထုတ်ခဲ့ကြပါတယ်။မိနစ် ၄၀ ကျော်အကြာမှာတော့ ကလေးကို ကယ်ထုတ်နိုင်ခဲ့ကာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့တဲ့တယ်လို့ အောက်တိုဘာ ၂၈ ရက်နေ့က စီဂျီတီအန် သတင်းမှာ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်၊

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။