ချစ်စရာကောင်းတဲ့ကောင်မလေးရတနာဖြူဖြူအောင်တစ်ယောက်ဝိတ်ချနေပြီလို့ချစ်ပရိသတ်တွေကိုကြေငြာလိုက်တာပဲဖြစ်ပါတယ်။သူမဟာအစားအသောက်တော်တော်များများစားရတာကြိုက်ပြီးရခိုင်အစားစာတွေနဲ့ဆိုထမင်းအများကြီးစားပါတယ်လို့ဆိုပါတယ်။ယခုအချိန်မှာတော့အစားလျော့ပြီးဝိတ်ချနေပြီပဲဖြစ်ပါတယ်။သူမအရမ်းဝလာတဲ့အတွက်ကိုယ့်ကိုကိုသိမ်ငယ်လာပြီးတော့ဝိတ်ချမှဖြစ်တော့မယ်လို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။တစ်ရက်မှာဘုရားသွားတော့ပရိသတ်တွေကချစ်တဲ့စိတ်နဲ့ပဲအရမ်းဝလာတယ်အကြီးကြီးပဲလို့ပြောလို့အိမ်ရောက်တော့စိတ်မကောင်းဖြစ်ပြီးငိုခဲ့ရပါတယ်လို့ဆိုပါတယ်။အဲ့အချိန်ကစပြီးဝိတ်လျော့ဖို့ဆုံးဖြတ်လိုက်တာပါလို့ပြောပါတယ်။

သူမအရမ်းဝလာတာကြောင့်ဗီဒီယိုရိုက်ကူးရေးတွေပါရပ်နားခဲ့ရတယ်လို့ဆိုပါတယ်။နှစ်လအတွင်းမှာပေါင်၅၀တက်လာကြောင့်ကိုယ်ကိုယ်ကိုလဲတော်တော်လေးလန့်သွားတယ်လို့ဆိုပါတယ်။ယခင်၁၁၅ပေါင်မှနှစ်လအတွင်း၁၆၅ပေါင်ဖြစ်လာပြီးပေါင်၅၀နီးပါးတက်လာတယ်လို့ဆိုပါတယ်။ရတနာဖြူဖြူအောင်ဟာနှလုံးလဲသိပ်မကောင်းတာကြောင့်လေ့ကျင့်လုပ်ဖို့အဆင်မပြေဘူးလို့ဆိုပါတယ်။ဝိတ်စတက်လာတုန်းကဝိတ်ချမယ်ဆိုပြီးလေ့ကျင့်ခန်းလုပ်တဲ့စက်ပေါ်တက်လိုက်တော့မေ့လဲသွားတာကြောင့်အစားနဲ့ပဲလျော့နေပါတယ်လို့ဆိုပါတယ်။အခုအစားနဲ့လျော့နေတာပေါင်၂၀လောက်ကျသွားပါပြီလို့ဆိုပါတယ်။လေ့ကျင့်ခန်းကိုလဲပုံမှန်နဲနဲချင်းစီထိန်းပြီးလုပ်နေပါတယ်လို့သိရပါတယ်။

ရတနာဖြူဖြူအောင်ဟာအနုပညာလုပ်ငန်းတွေပြန်လည်လုပ်ကိုင်တော့မှာဖြစ်တာကြောင့်လဲဝိတ်ချနေတာဖြစ်တယ်လို့ဆိုပါတယ်။သူမရဲ့"အိပ်မက်လေးအတွက်"ဆိုတဲ့တစ်ကိုယ်တော်အယ်လ်ဘမ်လေးကိုလဲနှစ်ကုန်လောက်ထွက်နိုင်အောင်ကြိုးစားနေပါတယ်လို့သိရပါတယ်။ရိုက်ကူးရေးနားထားတာ၈လကြာပြီးမှပထမဆုံးပြန်လည်ရိုက်ကူးမယ့်‘လိပ်ပြာခေါင်မိုး’လို့အမည်ရတဲ့ဇာတ်ကားလေးအတွက်လဲရင်ခုန်စိတ်လှုပ်ရှားနေရပါတယ်လို့ဆိုပါတယ်။

‘လိပ်ပြာခေါင်မိုး’ဇာတ်ကားလေးကိုပရိသတ်ချစ်အနုပညာရှင်များစွာရိုက်ကူးသွားမှာဖြစ်ပြီးအောက်တိုဘာ၂၇ရက်နေ့ကရွှေတိဂုံစေတီတော်မြတ်ကြီးမှာကန်တော့ပွဲလေးပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဇာတ်ကားလေးထဲမှာဆရာဝန်မလေးတစ်ဦးအဖြစ်ပရိသတ်တွေမြင်တွေ့ရမှာပဲဖြစ်ပါတယ်။လက်ရှိမှာတော့အစားအသောက်တွေလျော့နေပြီးပိန်ပိန်လေးနဲ့ ပရိသတ်တွေစီပြန်လာခဲ့ပါမယ်လို့ဆိုပါတယ်။

သတင်းအရင်းအမြစ် - ရတနာဖြူဖြူအောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။