ထိုင်းကိုရှောင်ချင်ရင်ဗီယက်နမ်ကိုအနိုင်ကစားရမယ့်မြန်မာ

မြန်မာဘောလုံးအသင်းတွေကျဆုံးနေချိန်မှာပန်းပန်နေတာ

ကတော့မြန်မာဖူဆယ်အသင်းပါ။အာဆီယံဒေသတွင်း

ဖူဆာ်အင်အားကြီးအင်ဒိုနီးရှာကိုသုံးဂိုးနှစ်ဂိုးနဲ့အနိုင်ယူ

ပြီးအာဆီယံဖူဆယ်ပြိုင်ပွဲဆီမီးဖိုင်နယ်ကိုတက်

ရောက်ထားပြီးဖြစ်သလို2018အာရှဖူဆယ်ပြိုင်ပွဲကို

လည်းဝင်ရောက်ခွင့်ရရှိထားပါပြီ။တရုတ်တိုင်ပေမှာကျင်းပမယ့်အဆိုပါအာရှဖူဆယ်မှာထပ်မံ

ခြေစွမ်းပြနိုင်ရင်တော့ကမ္ဘာ့ဖလားဖူဆယ်ပြိုင်ပွဲဝင်ခွင့်ရရှိမှာပါ။ဗီယက်နမ်နိုင်ငံမှာ

ကျင်းပနေတဲ့ဒီပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်ရောက်လေးသင်း

ကိုအာရှဖူဆယ်ချန်ပီယံရှစ်ဝင်ခွင့်ပေးထားတာပါ။

လက်ရှိTop 4လေးသင်းကတော့မြန်မာ၊ဗီယက်နမ်၊

ထိုင်းနဲ့မလေးရှားပါ။တစ်ဖက်အုပ်စုကတော့ပွဲစဉ်တွေ

ပြီးဆုံးသွားပြီးထိုင်းကအုပ်စုပထမ၊မလေးရှားကအုပ်

စုဒုတိယပါ။မြန်မာနဲ့ဗီယက်နမ်ကတော့အုပ်စုပထမနေရာ

လုပွဲကိုဒီညနေမှာကစားသွားမှာပါ။ထိုင်းဟာအာရှ

ဖူဆယ်အဆင့်တောင်မကပဲကမ္ဘာ့အဆင့်20ထဲဝင်နေပြီ

ဖြစ်လို့ဗီယက်နမ်ကောမြန်မာပဲရှောင်ချင်ကြမှာအသေအချာပါပဲ။

ဒါကြောင့်ညနေပွဲဟာသူနိုင်ကိုယ်နိုင်အပြိုင်ကြဲကြမယ့်

ပွဲစဉ်တစ်ပွဲဖြစ်လာမှာသေချာပါတယ်။

ဗီယက်နမ်အနေနဲ့မြန်မာအသင်းထက်

ဂိုးကွာခြားချက်အသာရနေတာကြောင့်သရေရရင်အုပ်စု

ဗိုလ်ဖြစ်ပါပြီ။အိမ်ရှင်လည်းဖြစ်မေတာကြောင့်ပရိသတ်

အားနဲ့မြန်မာကိုဖိကစားမယ်ဆိုတာသေချာပါတယ်။

မြန်မာအသင်းကတော့MFFဖူဆယ်လိဂ်စတင်ပြီး

နောက်ခပ်မြန်မြန်တိုးတက်လာတဲ့အသင်းဖြစ်ပြီး

ဒေသတွင်းဖူဆယ်အင်အားကြီးဗီယက်နမ်၊ထိုင်းတို့နဲ့

လယ်ဗယ်တူဖြစ်လာနေပါပြီ။မြန်မာနည်းပြဦးဌေးမြင့်

လက်ထက်မှာလည်းအကောင်းဆုံးပုံစံရနေတယ်လို့

ပြောလို့ရပြီးညနေပွဲဟာမြန်မာဖူဆယ်အတွက်နောက်ထပ်

စာမေးပွဲတစ်ခုပါပဲ။ထိုင်းကိုရှောင်ချင်ရင်တော့ဗီယက်နမ်

ကိုသေချာပေါက်အနိုင်ကစားရမှာပါ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။