(မန်ကျည်းပင်အကြောင်း တင်ပေးပါဆိုသော မိတ်ဆွေများအတွက်

စုစည်း ထပ်မံတင်ပေးလိုက်ပါတယ်။)

မြန်မာ ~ မန်ကျည်းပင်

အင်္ဂလိပ် ~ Tamarind

မျိုးရင်း ~ (စိန်ပန်းမျိုးရင်း )

မြန်မာနိုင်ငံအနှံ့အပြား အပူပိုင်းဒေသတွင်ပေါက်

ရောက်သည်။ မန်ကျည်းပင်သည် အမြဲစိမ်းသစ်မာပင်မျိုး

ဖြစ်ဧ။် အခေါက်များ မဲညိုရောင်ဖြစ်၍ ထူပြီးကြမ်းဧ။် ။

အကိုင်းများစွာဖြာဧ။် ။

(အရွက်သည်) ငှက်မွှေးရွက်ပေါင်းဖြစ်ဧ။် ။ ရွက်လွှဲထွက်

၍ ရွက်မွှာသေးငယ်နူးည့ံပြီး မျက်နှာခြင်းဆိုင်ထွက်ဧ။် ။

ရှည်မျောမျောပုံစံရှိဧ။် ။

(အပွင့်သည်) သေးငယ်ပြီး အဝါ

ရောင်အနီစင်းများရှိဧ။် ။ တစ်ခိုင်၌ အပွင့်(၁၀) ပွင့်(၁၅) ပွင့်

ရှိဧ။် ။ တန်ဆောင်မုန်း၊ နတ်တော်လတွင်ပွင့်ဧ။် ။

(အသီးသည်) သီးတောင့်ရှည်မျိုးဖြစ်ဧ။် ။ စိမ်းညိုရောင်ရှိဧ။် ။

အသားထူဧ။် ။အစေ့သည် ညိုမဲရောင်ရှိဧ။် ။ ပြာသို၊ တပို့တွဲ၊ တပေါင်းလများတွင် အသီးရင့်ဧ။် ။

အသုံးပြုအစိတ်အပိုင်း

ပဥ္ဓငါးပါး၊ အခေါက်၊ အရွက်၊ အသီး၊ အပွင့်၊ အမြစ်၊

အစေ့ ။

အာနိသင်

အသီးစိမ်းသည် ချဉ်ဧ။် ၊ ပူဧ။်၊ အနည်းငယ်ချိုဧ။် ၊

၀ါပါက ချဉ်ဧ။် ၊ အသီးစိမ်းအနုသည် အဖန်များဧ။် ၊ သည်းခြေနှင့်သလိပ်ကို ဖြစ်စေဧ။် ၊ လေနှင့်သွေးကို ဖျက်

ဆီးတတ်ဧ။် ၊ အသီးမှည့်သည် ချိုချဉ်အရသာရှိသည်။

၀မ်းမီးကိုတောက်စေဧ။် ၊ အနည်းငယ်ဝမ်းသက်ဧ။်၊ အေး

၍ အပူကိုငြိမ်းစေဧ။် ။အပုပ်ကိုကြေစေဧ။် ။ ရသာ/စွမ်းရည်/

တန်ခိုး သတ္တိ(၃) မျိုးစလုံး မန်ကျည်းမှည့်တွင်ပါ၀င်သည်။

အရွက်သည် အေး၊ ချဉ်၊ ဖန် အရသာရှိ၍ သည်းခြေကိုအားပေးပြီး နှုတ်ကိုမြိန်စေဧ။် ။ အစာကြေစေ

ဧ။် ။ ဓာတ်(၄) ပါးတို့ဧ။် အခိုး၊အကင်း ၊ သွေးလေတို့ကို

ကြေစေဧ။် . ပိုးနာ၊ အဆိပ်သင့်နာတို့ကိုနိုင်ဧ။် ။

အပွင့်သည် ဖန်၊ ချဉ်ဧ။် ။ ကြေလွယ်၍ သလိပ်ကိုနိုင်

ဧ။် ။၀မ်းမီးကို တောက်စေဧ။် ။ မန်ကျည်းသည် ချို၊ ချဉ်၊

ဖန် အရသာရှိ၍ ဆေးဖက်တွင် အလွန်အသုံးဝင်ဧ။်

#မန်ကျည်းပင်(၃)မျိုး

(၁) မန်ကျည်းပင်ရိုးရိုး၊

(၂) မန်ကျည်းပင်နီပင်၊

(၃) ကုလားမန်ကျည်း(၀ါ) တရုပ်မန်ကျည်း(၀ါ) ဆေးမန်

ကျည်းပင် ။ ကုလားမန်ကျည်းအား အညာဒေသတွင်

ဆေးမန်ကျည်းပင်ဟုခေါ်ပြီး အသီးသည် အခွေလိုက်

အဆစ်ကလေးများသီးပြီး အစေ့နက်ဧ။် ။အသီးဧ။်အဆံ

သည် ချို၊ ချဉ်၊ ဖန် အရသာရှိဧ။် ။

{ ဆေးဖက်အသုံးဝင်ပုံ }

( အခေါက် )

************

#၀မ်းဗိုက်ထိုးအောင့် နာကျင်ခြင်း၊ အစာမကြေခြင်း၊

လေချဉ်တက်ခြင်း၊ အန်ခြင်း၊ ခံတွင်းပျက်ခြင်း

(၁) ထိုရောဂါတို့အတွက် အခေါက်ကိုပြာချ ၊ ပျားရည်၊ရေအေးတို့နင့် ရောစပ်၍ အနည်းငယ်စီ လျက်ပေးပါက သက်သာပျောက်ကင်းစေပါဧ။် ။

..................

#မိတ်ဖု၊ အနာဖုများထွက်ခြင်း၊ မျက်စိနာခြင်း၊ အဆိပ်ရှိသော သတ္တဝါများကိုက်ခြင်းအတွက်

(၂) ထိုရောဂါများအတွက် အခေါက်ကို ရေနှင့်သွေး၍ လိမ်းပေးပါက သက်သာပျောက်ကင်းစေပါဧ။်။

.................

#ဆီးလွန်ခြင်းအတွက်

(၃) အခေါက်ပြာကို အုန်းစိမ်းရည်နှင့် သောက်ပါက သက်သာစေပါသည်။

သွေးပူ၊ သွေးယားခြင်း အတွက်

(၄) အခေါက်ကို သွေး၍ လိမ်းပေးပါ။

#ရေယုန် နှင့် မျက်စိနာခြင်းအတွက်

(၅) မန်ကျည်းပင်နီခေါက်ကို ဆားအနည်းငယ်ထည့်၍သွေး။

ညအိပ်ခါနီး မျက်ခွံပေါ်လိမ်းပေးပါ။ မျက်စိနာခြင်း ပျောက်

ကင်းဧ။် ။ ရေယုန်ပေါ်သ်ု့ိ လိမ်းပေးပါက သက်သာ

ပျောက်ကင်းဧ။် ။

(အရွက် )

*********

#နားကိုက်ခြင်း၊ နားနာခြင်း ~

#နားကိုက်ခြင်း၊ နားနာခြင်း ~

(၁) အရွက်ရည်ကို နှမ်းဆီနှင့် ရောချက်၍ နားတွင်အနည်း ခပ်ပေးပါက သက်သာပျောက်ကင်းစေပါဧ။် ။

#ဆီးပူခြင်း ~

(၂) အရွက် ကြိတ်ညှစ်ရည်ကို နံနက်၊ ည ကြွေဇွန်းကြီး

(၁) ဇွန်းခန့်စီ သောက်ပေးပါ။

#အပူလွန်၍ ယားယံခြင်း ~

(၃) အရွက်ကြိတ်ညှစ်ရည်ကို လိမ်းပေးပါ။

#မြွေဆိပ်ပြေစေရန် ~

(၄) အရွက်ညှစ်ရည်တစ်ဆ၊ သိန္ဓောဆားနှစ်ဆ ရောစပ်

သောက်ပါက မြွေဆိပ်ပြေစေဧ။် .

#ချွေးထွက်လွန်ခြင်း၊ ချွေးန့ံမကောင်းခြင်း ~

(၅) အရွက်နှင့် ကလိမ်စေ့ ရောစားပေးပါ ။

#သလိပ်ပုပ်ခြင်း ~

(၆) မန်ကျည်းရွက်ကြမ်း တစ်ပြည်ကို နေရိပ်တွင်လှန်း။

ညက်အောင်ကြိတ်၊ ထန်းလျှက်နှင့် ဆတူရော၍ နံနက်၊

ည အနည်းငယ်စီ စားပေးပါက ပျောက်ကင်းစေပါဧ။် ။

#သွေးဝမ်းသက်ခြင်း ~

(၇) အရွက်ခြောက်မှုန့်(၁၀) သား၊ ထန်းလျက်(၅) ကျပ်သား၊ သိန္ဓောဆား(၁) ကျပ်သား၊ ဇဝက်သာ (၁) ကျပ်

သား ရောစပ်၍၄င်း၊ မန်ကျည်းပွင့်နှင့် ထန်းလျှက် ရော

စားပေးပါက သွေးဝမ်းသက်ခြင်း ပျောက်ကင်းဧ။်

( မန်ကျည်းသီးအနှစ်)

**********************

#ကာလဝမ်းသွားရောဂါ ~

(၁) အနှစ်ဟောင်း၊ ဒိန်ချဉ်ရည်စိမ်ထားသော ကြက်သွန်

ဖြူ၊ ချေးသီးတို့ကို အညီအမျှကြိတ်၊ ရွေးလုံးခန့်လုံး၊ အရိပ်

တွင်အခြောက်လှန်း၊ (၁၅) မိနစ်တစ်ကြိမ် ၊ကြက်သွန်ဖြူ

လက်ဖက်ရည်ဇွန်း(၁) ဇွန်းနှင့် ဖျော်သောက်ပါက ပျောက်

ကင်းပါဧ။် ။

#အားကိုဖြစ်စေခြင်း ~

(၂) အမှည့်ကို ထန်းလျှက်၊ ဆားတို့နှင့် ဖျော်ရည်စိမ်

သောက်ပါက ကိုယ်တွင်းအေး၍ အားကိုဖြစ်စေဧ။် ။

#အပူလွန်ခြင်း၊ နှလုံးသည်းခြေပူလောင်ခြင်း၊ စိတ်ပျံ့လွင့်ခြင်း၊ သတိမေ့လျော့ခြင်း ~

(၃) အနှစ် နှင့် သကြားခဲ ဆတူရော၍၄င်း၊ မန်ကျည်း

မှည့်နှင့် ထန်းလျှက်တို့တွင် ဆားအနည်းငယ်ထည့်၍ မကြာခဏ စားပေးပါ။ ဆီမီးတောက်ဥ စားမိပြီး အဆိပ်

ဖြစ်ပါလျှင် မန်ကျည်းသီးစားပေးပါက အဆိပ်ပြေစေဧ။် ။

#ဆံပင်နက်ဆေး ~

(၄) သကြား(၁၀) သား၊ (မန်ကျည်း၊ ထောပတ်၊ ဆား၊

ပျားရည်) (၅) ကျပ်သားစီ တေ၍ စားပေးပါက ဆံပင်ဖြူ

နက်စေဧ။် ။

#ရေငတ်ဝမ်းကျခြင်း ~

(၅) မန်ကျည်းဖျော်ရည် တိုက်ပေးပါ။

#ချောင်းခြောက်ဆိုးခြင်း ~

(၆) နွယ်ချို၊ မန်ကျည်းမှည့်၊ သိန္ဓောဆား ဆတူရောပြီး

အနည်းငယ်မျှ နေ့စဉ် စားပေးပါ။

#အညောင်း၊ အကိုက်၊ ဒူလာ၊ မီးယပ် ~

(၇) မန်ကျည်းမှည့်(၂၅) ကျပ်သား၊ ထန်းလျက်(၂၅) ကျပ်

သား၊ စမုန်မျိုးငါးပါး (၄) ပဲသားစီ၊ ပွေးကိုင်း (၅) ကျပ်သား

တို့က်ို အမှုန့်လုပ်၊ ရောနယ်ပါ။ မီးမျှင်းမျှင်းနှင့် မတူးမချစ်

ရအောင် ချက်ပါ။ ထိုတေဆေးကို နံနက်၊ည ကြွေဇွန်း

ကြီး(၁) ဇွန်းဆီ စားပေးပါက လေသက်စေပြီး ထိုရောဂါ

များ သက်သာပျောက်ကင်းစေပါသည်။

( အစေ့)

********

#မီးယပ်ဖြူဆင်းခြင်း၊ ဆီးလွန်ခြင်း ~

(၁) အစေ့ကိုရေ၌ (၁) ညစိမ်။ နံနက်တွင် ထိုအစေ့ကို

ကြိတ်၍ နွားန်ု့ိနှင့် ရောစပ်သောက်ပေးပါက ထိုရောဂါများ

သက်သာစေဧ။်။

#ကင်းကိုက်ခြင်း ~

(၂) အစေ့ဆံက်ုိ သွေး၍ လိမ်းပေးပါက ပျောက်ကင်းဧ။် ။

#၀မ်းသွားခြင်း၊ ၀မ်းကိုက်ခြင်း

(၃) အစေ့ဆံကို သွေးသောက်ပါ။

အရိအရွဲ၊ သွေးစ၊ သလိပ်စပါ၍ နာကျင်စွာသွားသော

၀မ်းရောဂါ ~

(၄) အစေ့ရင့်ရင့်အခွံ ၊ဇီယာ၊ သကြားခဲ တို့ကို အမှုန့်

ပြုလုပ်၊ အနည်းငယ်မျှ သောက်ပေးပါ။

ကိုးကား.... မြန်မာ့ဆေးဝါးပင်များ။

လက်တွေ့အသုံးချ ဆေးဖက်ဝင်အပင်များ(၄)

ကျန်းမာရေးဝန်ကြီးဋ္ဌာန၊ တိုင်းရင်းဆေးပညာ

ဦးစီးဋ္ဌာန။

မိတ်ဆွေများအားလုံး ရောဂါဝေဒနာများ ကင်းဝေးကာ ကျန်းမာပျော်ရွှင်ကြပါစေ။

မေတ္တာဖြင့်…

တခုုခု ရရင်ကျေနပ်တယ်

source - ကျန်းမာရေးဗဟုသုတနှင့်ဆေးမှီးတိုများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။