ချစ်စရာကောင်းတဲ့ဒီကောင်မလေးကတော့ပရိသတ်တွေကိုအမြင်မှားအောင်လုပ်လိုက်ပြန်ပါပြီး။ဟုတ်ပါတယ်ဆံပင်ပုံစံလေးပြောင်းလိုက်ပြီးအရမ်းကိုနန်းဆန်နေတဲ့ကောင်မလေးကတော့ပရိသတ်အချစ်တော်မျိုးကိုကိုစန်းပဲဖြစ်ပါတယ်။ဆံပင်စတိုင်အသစ်လေးပြောင်းလိုက်တာကြောင့်သူမရဲ့ချစ်ပရိသတ်တွေကလဲလူတောင်မှားလောက်အောင်လှနေပါတယ်လို့ပြောနေကြတာပဲဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်ကနေလဲဆံပင်စတိုင်အသစ်လေးနဲ့ချစ်စရာပုံရိပ်လေးတွေကိုမျှဝေထားတာပဲဖြစ်ပါတယ်။

သူမရဲ့အရင်ဆံပင်အကောက်စတိုင်လေးကိုချစ်စရာကာင်းတဲ့ပုံစံလေးအဖြစ်ပြောင်းလိုက်တာပဲဖြစ်ပါတယ်။ဆံပင်လေးဖြောင့်လိုက်တာကြောင့်ဂျပန်မလေးတစ်ယောက်လို့လှနေတာပဲဖြစ်ပါတယ်။ခေါက်ဆွဲခြောက်ဆံပင်လေးတွေကတော့အရမ်းလှပြီးနန်းဆန်သွားပြီလို့သူမရဲ့လူမှုကွန်ယက်မှာရေးသားထားတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့မျိုးကိုကိုစန်းဟာမန္တလေးမှာရောက်ရှိနေတာဖြစ်ပြီးသူမကိုခုလိုလှသွားအာင်ဂျီကျပူဆာသမျှစိတ်တိုင်းကျအောင်အကုန်လုပ်ပေးတဲ့ Hair Stylist Zu Zu Htetရဲ့လက်ရာလေး

ပဲဖြစ်ပါတယ်လို့ဆိုပါတယ်။

မနက်မှာကျင်းပမယ့် The Rave EDM Festival လေးမှာကဲဖို့ပြင်ဆင်နေတာပဲဖြစ်တယ်လို့သိရပါတယ်။မန္တလေးပြန်ရောက်ရောက်ချင်းအိမ်တောင်မရောက်သေးပဲမနက်ဖြန်အတွက်အလန်းဆုံးပြင်ဆင်နေတာဖြစ်တယ်လို့ဆိုပါတယ်။The Raveပွဲလေးအတွက်မန္တလေးက

ပရိသတ်တွေကဲဖို့Readyပဲလားလို့လဲမေးလိုက်ပါတယ်။မနက်ဖြန်မှာတော့မန္တလေးသားလေးတွေဝိုင်းဝိုင်းလည်နေတော့မှာကိုမြင်ယောင်မိပါတယ်မျိုးရေ။သူမရဲ့ဆံပင်စတိုင်အသစ်လေးနဲ့ချစ်စရာပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ်- မျိုးကိုကိုစန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။