ဇာတ်ပို့သရုပ်ဆောင်ကစ်ကစ်တစ်ယောက် ကျန်းမာရေးချူချာပြီး ဆေးရုံတင်လိုက်ရတာ ပရိတ် သတ်ကြီးအသိပဲဖြစ်ပါတယ်။ ဇာတ်ကားရိုက်တဲ့နေရာဟာ ကိုယ်နဲ့မရင်းနှီးတဲ့ ပတ်ဝန်းကျင် ဖြစ်တာကြောင့် ဆီးသွားဖို့နေရာကို ရှာတဲ့အခါမှာ အခက်အခဲလေးတွေရှိတာကြောင့် ဆီး မသွားဖြစ်ပဲ အောင့်ထားရာကနေ အညစ်အကြေးက စွန့်ရမယ့်နေရာမရောက်ပဲ အဆုပ်နဲ့ နှလုံးစီကို ရောက်သွားတာကြောင့် အခုလောက်ထိဖြစ်သွားရပါတယ်လို့ Interview တစ်ခု မှာ ဖြေကြားခဲ့ပါတယ်။

သူမဆေးရုံတက်စဉ်တုန်းက ကူညီထောက်ပံ့ပေးခဲ့တဲ့ အနုပညာရှင်တွေကိုလည်း ကျေးဇူး တင်ကြောင်းပြောခဲ့ပါသေးတယ်။ ပရိတ်သတ်တွေကလဲ သူမကိုကူညီထောက်ပံ့ပေးတယ်လို့ ဆိုပါတယ်။ ဆေးရုံရှစ်ရက်တက်စဉ်ကာလအတွင်းမှာ ပထမသုံးရက်အတွင်းမှာ မသက် သာပဲ ဝေဒနာကို အတော်လေးခံစားခဲ့ရတယ်လို့ဆိုပါတယ်။ လေးရက်မြောက်နေ့မှာတော့ သူမက စတင်သက်သာလာလို့ ဝမ်းသားခဲ့ရတယ်လို့လဲဆိုပါတယ်။ ကားရိုက်မရှိတဲ့အတွက် သူမငွေကြေးအခက်အခဲဖြစ်နေချိန်မှာ လာရောက်ကူညီပေးကြလို့ သူမအနေနဲ့ အဆင်ပြေ သွားရတာကြောင့် ကူညီသူများကိုလည်း ကျေးဇူးတင်ကြောင်း ထပ်မံပြောကြားသွားပါသေး တယ်။

ကူညီကြသူတွေအားလုံးကိုလည်း ဘေးဘယာဝေးကွာပြီး အနာရောဂါကင်းရှင်းကြပါစေလို့ သူမကဆုတောင်းပေးကြောင်းပြောထားပါသေးတယ်။ သူမပြန်လည်နေပြန်ကောင်းပြီးဖြစ်တာနဲ့ ဇာတ်ကားများပြန်လည်ရိုက်ကူးမှာဖြစ်ပြီး လက်ရှိမှာတော့ တစ်လလောက် အနားယူဖြစ် မယ်လို့လဲ ဆိုပါတယ်။ အပ်ကြောက်တတ်တဲ့သူဖြစ်ပေမယ့် အပ်တွေနဲ့ချည်း အမြဲတမ်း ထိတွေ့ နေရတော့ သူမအရမ်းကိုကြောက်ရွံ့သွားပြီး နောက်ပိုင်းတွေမှာတော့ အရင်ကထက် ကျန်းမာ ရေးကို ပိုဂရုစိုက်တော့မယ်လို့ဆိုပါတယ်။

Source from Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။