ဒီတစ်ခေါက်မှာတော့ ချစ်ရတဲ့ ပရိသတ်ကြီးအတွက် Myanmarload ကနေ ယခုတစ်ပတ်အတွင်း ပွဲတက်ဝတ်စုံအမျိုးမျိုးနဲ့ တောက်ပနေကြတဲ့ မင်းသမီးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ ဖွေးဖွေး

ပရိသတ်အချစ်တော် မင်းသမီးလေး ဖွေးဖွေးက ယခုတစ်ပတ်ရဲ့ ပွဲတက်မင်းသမီးလေးတွေထဲမှာ အလှဆုံးဖြစ်နေသူပါ။ ဒီဇိုင်နာ ဖြိုးကိုရဲ့ ဖက်ရှင်ရှိုးပွဲကို တက်ရောက်ခဲ့တဲ့ သူမဟာ ပန်းရောင်မင်းသမီးတစ်ပါးအလား လှပနေတဲ့ သူမရဲ့ဓာတ်ပုံတွေကတော့ ပရိသတ်တွေကြား နာမည်ကြီးလို့နေပါတယ်။ 

၂။ မေမြင့်မိုရ်

ပရိသတ်တွေရဲ့ ပန်းနုသွေး မင်းသမီးလေးကလည်း ယခုတစ်ပတ်ရဲ့ ပွဲတက်မင်းသမီးလေးတွေထဲမှာ မပါမဖြစ်ပါရမည့်သူ တစ်ဦးဖြစ်ပါတယ်။ သူမကလည်း ဒီဇိုင်နာ ဖြိုးကိုရဲ့ ဖက်ရှင်ရှိုးပွဲကို တက်ရောက်ခဲ့ပြီး ညနေခင်းပွဲနဲ့ လိုက်ဖက်လှတဲ့ အနက်ရောင်ဂါဝန်ရှည်ကြီးကို ရွေးချယ်ဝတ်ဆင်ထားတဲ့ သူမရဲ့ ဖက်ရှင်ကလည်း ပရိသတ်တွေကြား ရေပန်းစားလို့နေပါတယ်။

၃။ ယွန်းယွန်း

ပရိသတ်အချစ်တော် မင်းသမီးလေး ယွန်းယွန်း ကတော့ ယခုတစ်ပတ်ရဲ့ ပွဲတက်မင်းသမီးလေးတွေထဲမှာ ချန်လှပ်ထားလို့ မရခဲ့သူတစ်ဦးပါ။ ချစ်စရာကောင်းလှတဲ့ သူမရဲ့ သွင်ပြင်လေးနဲ့ လိုက်ဖက်တဲ့ ဂါဝန်လေးကို ဝတ်ဆင်ပြီး Radio Festival 2017 ပွဲကို တက်ရောက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်တွေဟာလည်း ပရိသတ်တွေကြား ရေပန်းစားလျက်ရှိပါတယ်။ 

၄။ လိုင်လာခန်း

ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားတဲ့ မင်းသမီး လိုင်လာခန်းဟာလည်း Mandalay FM ရဲ့ ပွဲကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ Guest of Honor အနေနဲ့ ပွဲတက်ခဲ့တဲ့ သူမဟာလည်း ပွဲတက်ဝတ်စုံတွေနဲ့ လှနေတဲ့ မင်းသမီးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ 

၅။ ဆောင်းဝတ်ရည်မေ၊ ပိုပိုဟေသာ

MRTV-4 ဇာတ်လမ်းတွဲတွေကတဆင့် ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တဲ့ ဆောင်းဝတ်ရည်မေဟာလည်း Radio Festival ပွဲကို တက်ရောက်ခဲ့ပြီး ပွဲတက်ဝတ်စုံလေးနဲ့ လှနေသူတစ်ဦးဖြစ်ပါတယ်။ "ချစ်တတ်စိတ်ဆိုတာ" ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေ အားပေးမှုကိုရရှိထားတဲ့ အဆိုတော် ပိုပိုဟေသာ တစ်ယောက်လည်း ထိုပွဲကိုတက်ရောက်ခဲ့ပြီး ပန်းဆီရောင်ဂါဝန်လေးနဲ့ လှလို့နေပါတယ် ပရိသတ်ကြီးရေ။

ကဲ ပရိသတ်ကြီးရေ ဘယ်ပွဲတက်ဝတ်စုံနဲ့ မင်းသမီးလေးကို အချစ်ဆုံးလည်း ဖြေခဲ့ဦးနော်.....

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။