ယခုလတ်တလော လူမှုစာမျက်နှာထက်မှာ မကြာခင်ရိုက်ကူးတော့မယ့် "မုန်းစွဲ" ဇာတ်ကားနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်လျက်ရှိနေပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ သြရသ ကရိုက်ကူးမှာဖြစ်ပြီး နာမည်ကြီး ခေါင်းဆောင်း မင်းသား မင်းသမီးများစွာပါဝင်လာမယ့် ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ပေါ် အခြေခံရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးလည်း ဖြစ်ပါတယ်။

ဒီ "မုန်းစွဲ" ဇာတ်ကားကြီးမှာ သရုပ်ဆောင် နေတိုး၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်း တို့က ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ နေတိုးငယ်ဘဝ သရုပ်ဆောင်လုပ်ကြမယ့် ကလေးတွေကိုလည်း ရွေးချယ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ မင်းသမီး ဖွေးဖွေးဟာလည်း ဒီဇာတ်ကားမှာ ကာရိုက်တာနှစ်မျိုးအနေနဲ့ ပါဝင်မှာဖြစ်ပြီး နေတိုးရဲ့ မိခင်နေရာကလည်း သရုပ်ဆောင်မယ်လို့ သိရပါတယ်။

ဒီ ဇာတ်ကားကို အောက်တိုဘာ ၃၀ ရက်နေ့က ရွှေတိဂုံဘုရား အောင်မြေမှာ ကန်တော့ပေးပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ဒီ "မုန်းစွဲ" ဇာတ်ကားဟာ ဆရာတော် အရှင်စန္ဒာဓိက ရဲ့ ဖြစ်ရပ်မှန်တရားကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေအတွက် အယူတွေစွဲခြင်းဟာ ဘဝမှာ ဘယ်လိုဒုက္ခတွေဖြစ်စေတတ်သလည်းဆိုတဲ့ သာဓက ဥပမာပေးချင်လို့ ရိုက်ကူးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ 

Source: Nay Toe & Phway Phway Fan Group

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။