ဘေဆယ်ဂရင်းပရီမှာနိုင်ပွဲရတဲ့ရော်ဂျာဖက်ဒါရာ

တင်းနစ်လောကရဲ့ဂန္တဝင်ဆွစ်ဇာလန်နိုင်ငံသားရော်ဂျာ

ဖက်ဒါရာဟာဘေဆယ်ဂရင်းပရီမှာအနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

မိခင်နိုင်ငံမှာကျင်းပတဲ့အဆိုပါပြိုင်ပွဲမှာဖက်ဒါရာဟာ

အာဂျင်တီးနားနိုင်ငံသားဒယ်ပေါ်ထရိုကိုအနိုင်ရပြီးချန်ပီယံ

ဖလားရရှိခဲ့ပါတယ်။အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့

ဖက်ဒါရာဟာတက်လူဒယ်ပေါ်ထရိုကိုအနိုင်ယူခဲ့တာဟာ

အံ့စရာပါပဲ။

ဖက်ဒါရာဟာဒယ်ပေါ်ထရိုကို(2-1)နဲ့အနိုင်ရဗိုလ်စွဲခဲ့တာဖြစ်ပါတယ်

။ပထမပွဲစဉ်မှာဒယ်ပေါ်ထရိုကဖက်ဒါရာကိုအနိုင်ရခဲ့ပြီး

ဖက်ဒါရောတော့သွားပြီလို့ထင်လိုက်ပေမယ့်နောက်ပွဲစဉ်နှစ်ပွဲကိုဖက်ဒါရာကပြန်အနိုင်ယူပြခဲ့ပါတယ်။

ကိုယ့်မြေကိုယ့်ရေမှာ

ဒယ်ပိုထရိုကိုအနိုင်ရရှိခဲ့တဲ့အတွက်ဖက်ဒါရာအတွက်

ကြည်နူးစရာဘေဆယ်ညချမ်းလေးကိုပိုင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့်အသက်36နှစ်သားကြီးဖက်ဒါရာဟာကြံ့ခိုင်

မှုမှာတော့အကန့်အသတ်ရှိနေပါတယ်။ဘေဆယ်ပွဲမှာ

အပြင်းအထန်ယှဉ်ပြိုင်ခဲ့ရလို့နောက်တစ်ပတ်ထဲမှာကျင်းပမယ့်

ပါရီမာစတာပြိုင်ပွဲကနေသူနုတ်ထွက်ခဲ့ပါတယ်။ဖက်ဒါရာ

အနေနဲ့ဒီပွဲမှာဗိုလ်စွဲခဲ့လို့လန်ဒန်မှာကျင်းပမယ့်ATPပြိုင်ပွဲမှာ

ပါဝင်ခွင့်ရခဲ့ပြီးကမ္ဘာ့အဆင့်တစ်နေရာကနာဒယ်နဲ့အမှတ်ကွာဟမှုကိုလျှော့ချနိုင်ခဲ့ပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။