မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေ ပွဲစဉ်မှာ ဗီရိုနာအသင်းက အင်တာမီလန်အသင်းက ၂ ဂိုး ၁ ဂိုး နဲ့ အဝေးကွင်းမှာအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်းဟာ ယခုနိုင်ပွဲကြောင့် ရမှတ် ၂၉ မှတ်ရရှိကာ အဆင့် ၂ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။ဇယားထိပ်ဆုံးကနာပိုလီအသင်းကို ၂ မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးနေတာလည်းဖြစ်ပါတယ်။

ဗီရိုနာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ကာဆီ၊ ကိန်း၊ ဗာဒီ၊ ဖောဆက်တီ၊ ဘက်ဆာ၊ ဖာရက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အီကာဒီ၊ ကန်ဒရီဗာ၊ ဗာလီရို၊ ပီရီဆစ်၊ ဗီဆီနို ၊ ဂါဂလီရာဒီနီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်းမှာ ခြေစွမ်းပြဂိုးသွင်းယူနေတဲ့ တိုက်စစ်မှုး အီကာဒီ ဒီနေ့ပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့ပေမဲ့ လိုအပ်နေတဲ့ အနိုင်ရလဒ်ကိုတော့ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

အင်တာမီလန်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ၃၆ မိနစ်မှာ ဗာလီရို က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးချိန်ထိ အင်တာမီလန်အသင်း တစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်း ၅၉ မိနစ်မှာတော့ ဗီရိုနာအသင်း ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ပက်ဇီနီက ပယ်နယ်တီကနေတဆင့် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။အင်တာမီလန်အသင်းအတွက် အနိုင်ဂိုးကိုတော့ ၆၇ မိနစ်မှာ ပီရီဆစ်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။