တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် မင်းသားတစ်လက်ဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် မင်းသား Kim Joo Hyuk ဟာ ယာဉ်မတော်တဆမှုတစ်ခုကြောင့် ဆုံးပါးသွားတယ်လို့ သိရပါတယ်..။ အောက်တိုဘာ(၃၀)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုမှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်..။ မင်းသား Kim Joo Hyuk ဟာ အိမ်အပြန်လမ်းမှာ အခုလို ဆိုးရွားတဲ့ မတော်တဆ ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်..။ အောက်တိုဘာ(၃၀) ကိုရီးယားစံတော်ချိန် ညနေ(၄)နာရီ မိနစ်(၃၀) အချိန်လောက် ဆိုးလ်မြို့ Samseong ရပ်ကွက် Accident ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်..။ သူကိုယ်တိုင်မောင်းနှင်လာတဲ့ ကားဟာ ပြောင်းပြန်လှန်ပြီး တိမ်းမျောက်ခဲ့တာ ဖြစ်ပြီး မီးလောင်ပျက်စီးခဲ့တာ ဖြစ်ပါတယ်..။

ယာဉ်တိမ်းမှောက်စဉ် မင်းသား Kim Joo Hyuk ကို ကားထဲက ကယ်ထုတ်ပြီး ဆေးရုံပို့ခဲ့ပေမယ့် အသက်မကယ်နိုင်တော့ပဲ ဆုံးပါးသွားတာ ဖြစ်ပါတယ်..။ ရဲတပ်ဖွဲ့တွေရဲ့ တာဝန်ရှိသူတွေပြောကြားချက်အရကတော့ “Mercedes-Benz SUV နဲ့ Hyundai Grandeur တို့ဟာ Samseong ရပ်ကွက်အနီးမှာရှိတဲ့ I-PARK ရှေ့မှာ တိုက်မိခဲ့တာ ဖြစ်ပါတယ်..။ အဲ့ဒီမတော်တဆမှုကြောင့် Mercedes-Benz ကားဟာ I-PARK ရဲ့ နံရံကို ဝင်တိုက်မိခဲ့ပြီး ယာဉ်မောင်းကိုတော့ ကားထဲကနေ ကယ်ထုတ်ခဲ့ရပါတယ်..။ ယာဉ်မောင်းကို Konkuk ဆေးရုံသို့ တင်ပို့ခဲ့ပေမယ့် (၆)နာရီ(၃၀) မိနစ်မှာ ကွယ်လွန်သွားခဲ့တယ်..။” လို့ ပြောကြားခဲ့ပါတယ်..။ ယာဉ်တိုက်မှု အသေးစိတ်ကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်နေဆောင်ရွက်နေတယ်လို့ သိရပါတယ်..။

မင်းသား Kim Joo Hyuk ဟာ အသက်(၄၅)နှစ် ဖြစ်ပြီး “2 Day & 1 Night” ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်..။ သူ့ရဲ့ ဇာတ်ကားသစ်ဖြစ်တဲ့ “Argon” ဒရမ်မာ ဇာတ်ကားဟာ မကြာသေးခင်ကမှ ရိုက်ကူးပြီးစီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။ အဲ့ဒီဒရမ်မာ ဇာတ်ကားဟာ မင်းရဲ့ နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်..။ မင်းသားရဲ့ ချစ်သူ ဖြစ်တဲ့ မင်းသမီး Lee Yoo Yong ကလည်း Running Man အစီအစဉ်မှာ ရိုက်ကူးပါဝင်နေတာ ဖြစ်ပြီး သတင်းကြားကြားချင်းမှပဲ ရိုက်ကူးနေတဲ့ Running Man အစီအစဉ်ကိုလည်း ရပ်နားခဲ့ရတယ်လို့ သိရပါတယ်..။ သူတို့ချစ်သူနှစ်ဦးဟာ ဒီနှစ်ကုန်ပိုုင်းလောက်မှာ လက်ထက်မှာဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်..။ စိတ်မကောင်းစရာကောင်းလောက်ဟာ သတို့သားလောင်း ဖြစ်တဲ့ မင်းသား Kim Joo Hyuk ဟာ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်..။ တကယ့်ကို ကြေကွဲဝမ်းနည်းရပါတယ်..။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။