မွန်ပြည်နယ်တွင် အရွယ်မရောက်သေးသည့် မိန်းကလေးများအားပန်းဦးချွေသည်ဆိုတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ခွန်တန်(ခ)ဇာတ်လိုုက်နှင့်အားပေးကူညီခဲ့သူအပေါင်းအပါများကိုအမှုဖွင့်ခဲ့သောဦးဝင်းညွန့်လက်ရှိမှာခြိမ်းခြောက်ခြင်းခံနေရတယ်လို့သိရပါတယ်။ခွန်တန်(ခ)ဇာတ်လိုုက်နှင့်အားပေးကူညီခဲ့သူအပေါင်းအပါများကိုအမှုဖွင့်ခဲ့တာကြောင့်ဦးဝင်းညွန့်ဟာခွန်တန်၏တပည့်များကခြိမ်းခြောက်ခြင်းကိုခံနေရတာဖြစ်ကြောင်းဦးဝင်ညွှန့်လုံခြုံရေးအတွက်ဆောင်ရွက်ပေးနေသောတပ်မတော်အငြိမ်းစားဗိုလ်ကြီးဦးခင်မောင်ကြည်ကပြောပါတယ်။

အာက်တိုဘာ၂၄ ရက်က သထုံမြို့မရဲစခန်းတွင် အရွယ်မရောက်သေးသည့် မိန်းကလေးအား ခိုးယူပေါင်းသင်းခဲ့တဲ့ ခွန်တန်နှင့် အားပေးကူညီခဲ့ကြသော လှထွန်း၊ သန်းလေး၊ ဝင်းဗိုလ်၊ အောင်မြတ်စိုး၊ ဆင်ကြီး၊ မောင်ခင်တို့အား အရေးယူပေးရန် ဦးဝင်းညွန့်မှ အမှုဖွင့်ခဲ့တာပဲဖြစ်ပါတယ်။အဆိုပါအမှုဖွင့်ခဲ့ဦးဝင်းညွှန့်ဟာ ဖွင့်ပြီးနောက် အသက်အန္တရာယ်နှင့် အမျိုးမျိုးခြိမ်းခြောက်ခံရမှုများကြောင့် တပ်မတော်အငြိမ်းစား ဗိုလ်ကြီးဦးခင်မောင်ကြည်၏ နေအိမ်တွင် ခိုလှုံနေရကြောင်း ဦးဝင်ညွန့်ကပြောပါတယ်။ “ဒီကောင်တွေပြီးခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်လောက်က ဒီလိုပဲ ဇာတ်လိုက်တပည့်တွေဗိုလ်ကျလာတယ်။စိုးမိုးလာတယ်။ဟိုမှာရိုက်ခွဲလိုက်မီးရှို့လိုက်တွေဟာသူတို့လုပ်လာတဲ့ဟာကြီးပဲ”ဟု ဦးဝင်ညွန့်က ဆိုပါတယ်။

ဂျာနယ်များတွင် ဖော်ပြခံထားသော ဦးဝင်ညွန့်ပုံကို တွေ့ရှိပြီးနောက် ခွန်တန်တပည့်များက ဦးဝင်းညွန့်ကို အန္တရာယ်ပြုရန် လိုက်လံရှာဖွေပြီးခြိမ်းခြောက်ခံနေရတာဖြစ်တယ်လို့သိရပါတယ်။ “ကျွန်တော်က ဦးဝင်းညွန့်ရဲ့လုံခြုံမှုတွေကို ကျွန်တော်ကာကွယ်ပေးထားတယ်။ ခင်ဗျားဘယ်မှ မသွားရဘူး။ ကျွန်တော်ဆီမှာပဲနေ၊ ဘယ်သူပဲခေါ်ခေါ်၊ ဖုန်းနဲ့ ပဲခေါ်ခေါ် ကျွန်တော်မသိပဲနဲ့ မသွားရဘူး။ အဲဒါကြောင့်သူ့ရဲ့လုံခြုံရေးအတွက် ရှင်းရှင်းပြောရရင်တော့ ကျွန်တော်က စစ်သားဆိုတော့ လုံခြုံရေး ပိုသိတယ်”ဟု တပ်မတော်အငြိမ်းစား ဗိုလ်ကြီးဦးခင်မောင်ကြည်ကပြောပါတယ်။လက်ရှိမှာတော့အဆိုပါခြိမ်းခြောက်ခံရမှုနဲ့ပတ်သတ်ပြီး ပုံစံ(က)(ခ)ပေးပြီးတော့ မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားတယ်”ဟု သထုံမြို့မရဲစခန်းစခန်းမှူး ဒုရဲမှူး မောင်မောင်ရဲ့ပြောကြားချက်အရသိရပါတယ်။

သတင်းအရင်းအမြစ် - နေမင်း(New Watch)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။