အင်္ဂါနေ့ည ၂ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားမဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ မန်ယူအသင်းဟာ ဘင်ဖီကာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၃ ပွဲကစားထားပြီး ရာနူန်းပြည့် နိုင်ပွဲရရှိထားတာလည်းဖြစ်ပါတယ်။ဘင်ဖီကာအသင်းကတော့ အုပ်စု ၃ ပွဲကစားထားပြီးချိန်မှာ တစ်ပွဲမှ နိုင်ပွဲမရရှိသေးပဲ ၃ ပွဲလုံးရှုံးနိမ့်ထားတာလည်းဖြစ်ပါတယ်။အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ ဘေဆယ်အသင်းနဲ့ CSKA မော်စကို အသင်းတို့ဟာလည်း တစ်ချိန်တည်းကန်ရမှာဖြစ်ပါတယ်။

မန်ယူအသင်းဟာ အုပ်စုပွဲ ၃ ပွဲကစားထားပြီးချိန် မှာ ၉ မှတ်ရရှိထားပြီး ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။အဆင့် ၂ နေရာမှာတော့ ရမှတ် ၆ မှတ်နဲ့ ဘေဆယ်အသင်းရှိနေတာလည်းဖြစ်ပါတယ်။အဆင့် ၃ နေရာမှာတော့ cska မော်စကိုအသင်းက ရမှတ် ၃မှတ်နဲ့ ရှိနေတာဖြစ်ပြီး ဘင်ဖီကာအသင်းကတော့ ရမှတ် ဝ နဲ့ ဇယားအောက်ဆုံးမှာရှိနေတာလည်းဖြစ်ပါတယ်။မန်ယူအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဘင်ဖီကာအသင်းရဲ့ နောက်ဆုံး ငါးပွဲရလဒ်မှာလည်း ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ 

မန်ယူအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ လူကာကူ၊ အမ်ခီတာယန်၊ မာတာ၊ ရက်ဖို့စ် ၊ မာတစ်၊ ဟာရဲဟား တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ဘင်ဖီကာအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဂျင်မီနက်၊ ဂျူန်း၊ အောဂတ်စတို ၊ ဆာမာရီးယား၊ ဆယ်ဗီယို၊ ဆာဗစ် တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ချန်ပီယံလိဂ်မှာရလဒ်ကောင်းတွေ ရယူထားတဲ့ မန်ယူအသင်းကတော့ အိမ်ကွင်းမှာ ဘင်ဖီကာအသင်းကို ရလဒ်ဗလာနဲ့ အိမ်ပြန်ပို့မလားဆိုတာတော့ စောင့်ကြည့်ရမယ်ဗျာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။