အဆိုတော်ဂျင်းနီ (ခ) ဟန်နွေငြိမ်းရဲ့ မွေးနေ့ကတော့ မြန်မာသက္ကရာဇ် ၁၃၇၉ တန်ဆောင် မုန်းလဆန်း ၁၂ရက်နေ့ ဒီနေ့မှာကျရောက်တာပဲဖြစ်ပါတယ်။ သူမဟာအဆိုပိုင်းမှာလည်း အောင်မြင်သူတစ်ဦး ဖြစ် ပါတယ်။ ငယ်စဉ်ကလဲ “ မြန်မာစာ မြန်မာစကား ” အစီအစဉ်မှာ လက်ရှိအောင်မြင်နေတဲ့ မင်းသားပြေတီဦးနဲ့ တွဲဖက်ပြီး မြန်မာစာဗဟုသုတ ပိုမိုတိုးပွားလာ အောင် ကူညီသရုပ်ဖော်ပေးခဲ့သူလည်းဖြစ်ပါတယ်။

သူမဟာအောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ပိုင်တေးစီးရီးတော့ထွက်ရှိ ထားခြင်းမရှိပါဘူး။ နာမည်ရအဆိုတော်တွေနဲ့တော့သူမက Show ပွဲတွေမှာ တွဲဖက်သီဆို တာကိုလည်းတွေ့ရပါတယ်။ သူမက အငြိမ့်ပွဲတွေမှာလဲ မင်းသမီးအဖြစ်ပါဝင် ကပြဖျော်ဖြေ ဖူးသူလဲဖြစ်ပါတယ်။ မြန်မာ့အကကို ပိုင်နိုင်အချိုးကျစွာ ကနိုင်တဲ့ မြန်မာမလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

အနောက်တိုင်းယဉ်ကျေးမှုတွေကို အတုယူများလာတာနဲ့အမျှ မိမိတို့ရဲ့ မြန်မာသက္ကရာဇ် ခုနှစ် မွေးနေ့ကို မသိသူများပြားလာပြီး မွေးနေ့ပွဲကျင်းပသည့်တိုင် အင်္ဂလိပ် ခုနှစ် ရက် လ ကိုပဲကျင်းပသူတွေများလာကြတဲ့ခေတ်ကြီးမှာ ဟန်နွေငြိမ်းကတော့ လေးစားစရာ မြန်မာမ လေးပါပဲ။ သူမရဲ့မြန်မာသက္ကရာဇ် ၁၃၇၉ တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့ ယနေ့မှာ ကျရောက်တဲ့ မင်္ဂလာရှိသောမွေးနေ့ပွဲလေးကို ပရိတ်သတ်ကြီးကလဲ မွေးနေ့ဆုတောင်း လေးတွေနဲ့ ဂုဏ်ပြုပေးလိုက်ပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။