ဟောလိ၀ုဒ် လောကရဲ့ အထင်ရှားဆုံးနဲ့ လူသိအများဆုံး ဆယ်လီတွေအနက် နာမည်အကြီးဆုံး အဆိုတော်မလေး(၁၀)ဦး ကို ဖော်ပြပေးချင်ပါတယ်။

သူတို့တွေဟာ ဟောလိ၀ုဒ်မှာ လူမျိုးတူချင်မှတူနိုင်ပေမယ့် ဒိတ်ဒိတ်ကျဲ အောင်မြင်နေတဲ့ အမျိုးသမီးအဆိုရှင်တွေအဖြစ် ရပ်တည်နေပါတယ်။

သီချင်းကောင်းလေးတွေနဲ့ အမိုက်စားဖန်တီးထားတဲ့ MTV သီချင်းဗီဒီယိုတွေနဲ့အတူ ပရိသတ်တွေကို ဖမ်းစားနိုင်သူတွေဖြစ်ပါတယ်။

(၁) Selena Gomez

ဆလီနာဂိုးမက်ဇ်ကတော့ ကမ္ဘာမှာ မသိသူမရှိတဲ့ အမေရိကန်အဆိုတော်မလေးဖြစ်ပြီး သူမရဲ့ သီချင်းအပုဒ်ရေတိုင်းဟာ ပရိသတ်ရင်ထဲရောက်ခဲ့ပြီး နံပါတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။

(၂) Demi Lovato

Let it Go သီချင်းရှင်လေး ဒမီလက်ဗတို ကတော့ အကျော်ကြားဆုံးပေါ့အဆိုတော်မလေး(၁၀)ဦးအနက် နံပါတ်(၂)နေရာမှာ အသိမှတ်ပြုခံထားရပါတယ်။ သူမကလည်း ခေသူမဟုတ်ပါဘူး။

(၃) Katy Perry

သူလေးကတော့ တေလာဆွစ်နဲ့ ရန်ဘက်လို့ ပြောကြတဲ့ အဆိုတော် ကတ်တီပယ်ရီပါပဲ။ သူမကလည်း ROAR သီချင်းနဲ့အတူ နိုင်ငံတကာထိ ထိုးဖောက်နိုင်တာဖြစ်ပါတယ်။

(၄) Victoria Justice

နောက်ထပ် အမှတ်စဉ်(၄)မှာ ရောက်နေတဲ့သူလေးကတော့ ပေါ့ပ်အဆိုတော်မလေး ဗစ်တိုးရီးယား ဂျက်စတစ်ပါ။ သူမဟာ အမေရိကန်မင်းသမီးတစ်လက်ဖြစ်သလို အသံပါ၀ါကောင်းတဲ့ အဆိုရှင်လေးလည်းဖြစ်ပါတယ်။

(၅) Taylor Swift

နောက်ထပ်တစ်ဦးကတော့ ဟောလိ၀ုဒ်မှာသာမက မြန်မာပရိသတ်တွေရဲ့အချစ်တော် ကန်းထရီးနဲ့ ပေါ့အဆိုရှင်မလေး တေလာဆွစ်ပါပဲ။ ရည်းစားပွေသူလေးလို့ နာမည်များတဲ့ တေလာဆွစ်ဟာအနုပညာဖန်တီးမှုပိုင်းမှာတော့ သူမတူတဲ့အရည်ချင်းတွေပိုင်ဆိုင်ထားပါတယ်။ Shake it off သီချင်းရှင်လေးတေလာဟာ နံပါတ်(၅)နေရာမှာ ရပ်တည်နေပါတယ်။

(၆) Beyoncé Knowles

ဂျေဇီး ရဲ့ ဇနီးချောလေး ဘီယွန်းစေးကလည်း ခေသူမဟုတ်ဘူးနော်။ သူမရဲ့ သီချင်းကောင်းလေးတွေကိုလည်း ကြိုက်နှစ်သက်သူတွေရှိကြမှာပါ။

(၇) Rihanna

RiRi လို့ ပရိသတ်တွေချစ်စနိုးနာမည်ပေးထားတဲ့ ရီဟားနားဟာ လက်ရှိမှာ နံပါတ်(၇)နေရာရောက်ရှိနေတဲ့ အောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ Love The way You Lie သီချင်းနဲ့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်အားပေးမှုကို ရရှိထားပါတယ်။

(၈) Miley Cyrus

ဖက်ရှင်ဒီဇိုင်းမှာ ခပ်လန်းလန်းကောင်မလေးဖြစ်တဲ့ အဆိုတော် မိုင်လေဆိုင်းရပ်စ် ကတော့ အမိုက်စားသီချင်းဖန်တီးမှုတွေနဲ့ အောင်မြင်နေသူလေးပါ။

(၉) Kat Graham

ကတ် ဂရေဟမ် ကလည်း နံပါတ်(၉)နေရာမှာ ရောက်ရှိနေတဲ့ အဆိုတော်မလေးတစ်ဦးဖြစ်ပါတယ်။

(၁၀) ကယ်ရီအမ်ဒါ၀ုဒ် ကိုတော့ မြန်မာပရိသတ်တွေစိမ်းနေမှာပါ။ ဒါပေမယ့် သူမကလည်း ဟောလိ၀ုဒ်ရဲ့ အကျော်ကြားဆုံး ပေါ့အမျိုးသမီးအဆိုတော်မလေးတစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။