ဒီနေ့ဘာနေ့လဲလို့ မေးလိုက်ရင် ပုံမှန်လူတွေက အောက်တိုဘာ ၃၁ လေ Halloween Day လေလို့ ဆိုကြမှာပေမယ့် ကိုရီးယားချစ်သူတွေကတော့ SongSong Day လို့

ပြောကြမှာပါ ။ ဘာလို့လဲဆိုတော့ ဒီနေ့မှာ ပရိတ်သတ်တို့အချစ်တော် Song Joongki နဲ့ Song Hyekyo ( ပရိတ်သတ်တွေအခေါ် SongSong Couple ) က မင်္ဂလာအခမ်းအနားကို ကျင်းပလို့ပဲဖြစ်ပါတယ် ။ 

အွန်စောလို့ မြန်မာပရိတ်သတ်တွေ သိကြတဲ့ ကိုရီးယားမင်းသမီးချောလေး Song Hyekyo နဲ့ မင်းသား Song Joongki တို့တွဲဖက်ရိုက်ကူးခဲ့တဲ့ Descent of the sun ရုပ်ရှင်ဇာတ်လမ်းတွဲကြီးရဲ့အောင်မြင်မှုဟာ ကမ္ဘာတစ်ဝှမ်းဆီပျံနှံသွားပြီးတဲ့နောက် ပရိတ်သတ်တွေက လိုက်ဖက်လွန်းတဲ့ သူတို့ စုံတွဲကို တကယ့်ချစ်သူတွေဖြစ်စေချင်ကြပါတယ် ။ တကယ်ပဲ ပရိတ်သတ်ဆန္ဒတွေပြည့်ဝသွားတာပါ ။ သူတို့နှစ်ယောက်ချစ်နေကြတဲ့ သတင်းကို တရားဝင်ကြေညာချိန်မှာ ပရိတ်သတ်တွေအားလုံး ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြရပြီး ယခုမင်္ဂလာဆောင်ကို ၀ုိင်းဝန်းကောင်းချီးပေးနေကြတာဖြစ်ပါတယ် ။ 

ဒိတ်ဒိတ်ကြဲမင်းသားနဲ့ မင်းသမီးတို့ရဲ့ မင်္ဂလာပွဲဖြစ်ပေမယ့် Media တွေကို မဖိတ်ကြားခဲ့ဘဲ Private Wedding လေးသာကျင်းပခဲ့တာပါ ။ Media သမားတွေကတော့ လုံခြုံရေးအပြည့်ယူထားတဲ့ မင်္ဂလာပွဲကျင်းပရာ Shilla Hotel ရှေ ့မှာသတင်းယူနေကြပြီး Drone နဲ့ မင်္ဂလာပွဲကျင်းပနေတဲ့ မြက်ခင်းပြင်ကို လှမ်းသတင်းယူတာမျိုးတွေလည်း ပြုလုပ်နေကြတာမို့ မင်္ဂလာပွဲပုံရိပ်တွေကတော့ အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ် ။ မင်္ဂလာပွဲကြောင့် Shilla Hotel ရဲ့ အခန်းတွေကိုလည်း Fan တွေရဲ့ ငှားရမ်းမှုများကြောင့် မင်္ဂလာပွဲနေ့ မတိုင်ခင်ထဲက အခန်းလွတ်မရှိတော့ဘူးလို့ သိရပါတယ် ။ SongSong Coupleရဲ့ မင်္ဂလာပွဲလေးက Video Clip လေးနဲ့ ပုံရိပ်တွေကို Myanmarload ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော် ... 

သတင်းအရင်းမြစ် youtube and korea news site

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။