ပရိသတ်အချစ်တော်မင်းသားချောနေဒွေးပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်မှာပြီးပြင်စွာသရုပ်ဆောင်နိုင်ပြီးပရိသတ်တွေရဲ့ရင်ထဲဝင်ရောက်လာတာပဲဖြစ်ပါတယ်။ခိုးဆိုးလုနှိုက်ဇာတ်ကားမှာလဲအကောင်းဆုံးကြိုးစားတင်ဆက်မှုတွေနဲ့ပရိသတ်တွေအသိမှတ်ပြုခြင်းခံထားရတာပဲဖြစ်ပါတယ်။နေဒွေးဟာလက်ရှိမှာတော့ " ငယ်ပါသေးတယ် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုပြင်ဦးလွင်မှာသွားရောက်ရိုက်ကူးမှာဖြစ်တယ်လို့သိရပါတယ်။ 

"ငယ်ပါသေးတယ်"ရုပ်ရှင်ဇာတ်ကားအချစ်ဟာသဖန်စီဇာတ်ကားလေးဖြစ်တာကြောင့်ပရိသတ်တွေရယ်မောပျော်ရွှင်ရမယ့်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်လေးထဲမှာပရိသတ်အချစ်တော်အနုပညာရှင်များဖြစ်

ကြတဲ့ရန်အောင်,ရဲအောင်,ထွန်းထွန်း,မိုးယံဇွန်,နေဒွေး,နေနော်ကယ်ဗင်ကိတ်စ်,ဝေယံ,သင်ဇာဝင့်ကျော်,ရတနာဗိုလ်တို့ကပါဝင်ရိုက်ကူးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဟာသဇာတ်ကားလေးတွေကိုပရိသတ်အကြိုက်နဲ့ထပ်တူကျရိုက်ကူးပုံဖော်ပေးနေတဲ့ဒါရိုက်တာကိုပေါက်ကတာဝန်ယူရိုက်ကူးထားတာပဲဖြစ်ပါတယ်။အောက်တိုဘာ၃၁ရက်နေ့ဒီနေ့မှာတော့‘ငယ်ပါသေးတယ်’ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲကိုရွှေတိဂုံစေတီရင်ပြင်ပေါ်တွင်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

နေဒွေးဟာမနက်မှာပြင်ဦးလွင်ကိုသွားရောက်ရိုက်ကူးမှာဖြစ်တဲ့အတွက်ပြင်ဆင်နေပါတယ်လို့ဆိုပါတယ်။ပရိသတ်တွေအတွက်အကောင်းဆုံးတင်ဆက်နိုင်ဖို့အများကြီးကြိုးစားသွားမှာပါလို့ဆိုပါတယ်။လက်ရှိမှာလဲပရိသတ်တွေရဲ့အချစ်တော်လဲဖြစ်သူငယ်ချင်းလဲဖြစ်သူမင်းသမီးချောသွန်းဆက်နဲ့ရိုက်ကူးထားတဲ့'အိမ်ထောင်ဦးစီး'ဇာတ်ကားလေးကိုလဲအားပေးကြပါအုန်းလို့ဆိုပါတယ်။ဒီနေ့မှာပြုလုပ်တဲ့ကန်တော့ပွဲလေးမှနေဒွေးရဲ့ပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - နေဒွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။