မြန်မာနိုင်ငံံက ထင်ရှားတဲ့ပွဲလမ်းသဘင်တွေထဲမှာ တန်ဆောင်တိုင်အထိမ်းအမှတ် တောင်ကြီးမီးပုံပျံပွဲကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ် ။

တောင်ကြီးမီးပုံးပျံပွဲစပြီဆိုရင် အနယ်နယ်အရပ်ရပ်က ဧည့်သည်တွေအပြင် နိုင်ငံခြားကခရီးသွားတွေက တကူးတက သွားရောက်ကြတာပါ ။

တောင်ပေါ်သားတွေရဲ့ စည်းလုံးမှု ပြယုဒ်ဖြစ်တဲ့ မီးပုံပျံပွဲမှာ မတော်တဆမှုတွေလည်း ဖြစ်တတ်ပါတယ် ။ ဒီနှစ်ရဲ့ မီးပုံးပျံပွဲမှာ မီးပုံးပျက်ကျရာကနေ

အသက်ဆုံးရှုံးရသူတွေ ရှိတာမို့ အန္တရယ်ကင်းအောင် မီးပုံးပျံပွဲသွားတဲ့သူတွေ သတိထားရမယ့် အရာတွေကို Zin Wai Oo ဆိုတဲ့ အကောင့်ပိုင်ရှင်က ပြောပြထားတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

" မီးပုံပျံပွဲဟာ..အန္တာရာယ်ကြီးတဲ့ပွဲဆိုတာဒေသခံများလက်ခံပါတယ်...ယမ်းပိဿာချိန်များစွာကိုကိုင်တွယ်ရတာမို့...မီးဆရာနဲ့အဖွဲ့ဝင်တွေတောင်အခန့်မသင့်ရင်အဖိတ်အစင်ဖြစ်ရတာမျိုးပါ...ဒါတောင်ဘာလို့လုပ်နေသေးလဲမေးရင်..မွေးလာကတည်းက"မီးပုံးပျံဟေ့မီးပုံးပျံ"လို့နှစ်စဉ်ကခုန်ရင်းကြီးလာသူတွေမို့မြတ်နိုးစိတ်ခိုင်ခိုင်မာမာရှိပါတယ်

.မီးပုံးပျံတစ်လုံးအောင်အောင်မြင်မြင်လွှတ်တင်နိုင်ဖို့ငွေကုန်ကြေးကျများတယ်လို့သာအများအမြင်မှာအပေါ်ယံမြင်ကြပေမယ့်..အရေးကြီးဆုံးအချက်က..တောင်ပေါ်သားတွေရဲ့စည်းလုံးမှုပါ...လနဲ့ချီပြင်ဆင်ရတာကော..လွှတ်တင်တဲ့နေရာမှာကောအရမ်းအန္တရာယ်များတဲ့အလုပ်မို့..အဖွဲ့သားတွေစည်းလုံးမှုမရှိရင်..လုံးဝအမှားမခံတဲ့အရာပါ...ပိုက်ဆံဖြုန်းနိုင်တိုင်းလုပ်လို့မရပါဘူး

အဲ့လိုစည်းလုံးညီညွတ်မှုဆိုတာဒေသတိုင်းမှာမရှိပါဘူး ရွာဘုရားပွဲလောက်ကျင်းပတာတောင်..ဓါးထိုးမှူတွေရိုက်နှက်မှုတွေမကြားချင်မှအဆုံးဖြစ်နေတတ်တဲ့ကိုယ်တို့မြန်မာမှာ..တမူထူးခြားပြီးစည်းလုံးမှုကိုတောင်ပေါ်သားတိုင်းဂုဏ်ယူတယ်

ဒါ့ကြောင့်လည်းညီညွတ်ခြင်းရဲ့မဏ္ဍိင်ဖြစ်တဲ့ဒီပွဲကိုတန်ဖိုးထားကြတယ်.

ညီညီညွတ်ညွတ်လွှတ်တင်လိုက်တဲ့မီးပုံးပျံကြီးကနေလှလှပပဖြာထွက်လာတဲ့မီးရှူးမီးပန်းတွေကိုကြည့်ပြီးကြည်နူးကြတယ်...မီးပုံးပျံအဖွဲ့နဲ့ထပ်တူဝမ်းမြောက်ကြတယ်...တစ်ခုခုတိမ်းစောင်းသွားရင်လည်းထပ်တူစိတ်မကောင်းဖြစ်ရတယ်

အန္တရာယ်များပါတယ်လို့အကြိမ်ကြိမ်ဝန်ခံပြီးသားမို့..အဝေးကနေပွဲလာတဲ့ပရိတ်သတ်တွေကိုစိတ်ချရတဲ့နေရာကနေကြည့်ကြဖို့အကြံပြုချင်ပါတယ်

၁။လေလမ်းကြောင်းသွားရာအရပ်မှလုံးဝမကြည့်ပါနဲ့

(မီးပုံးပျံဆိုတာအချိန်မရွေးပျက်ကျနိုင်တာမျိူးပါ)

တစ်ခြားအရပ်မျက်နှာမှာ..မီးရှူးမီးပန်းဝုန်းရင်ဝပ်နေရုံ..ပြေးလွှားရှောင်တိမ်းရုံနဲ့အဆင်ပြေပေမယ့်..မီးပုံးပျံသွားရာလမ်းကြောင်းမှာဆို..ထိခိုက်မှုဖြစ်နိုင်ပါ်တယ်..မီခိုးငွေ့တွေကိုကြည့်ပြီးလေကြောင်းသွားရာင်္ကိုံအလွယ်ဆုံးခန့်မှန်းနိုင်ပါတယ်

၂။နိုင်လွန်တို့လိုမီးလောင်လွယ်၊ကူးလွယ်တဲ့အဝတ်အစားတွေမဝတ်ပါနဲ့၊ boot စီးပါ(ပြေးရင်းလွှားရင်းတက်နင်းမိနိုင်ပါတယ်)

၃။မီးပုံးပျံချိတ်နိုင်တဲ့ဓါတ်တိုင်နဲ့သစ်ပင်တွေအနီးမှာမကြည့်ပါနဲ့

၄။မီးပုံးပျံတစ်လုံးတက်ခါနီးတိုင်းသတိနဲ့စောင့်ကြည့်ပါ

(ယမ်းခွေလေးနေတာတို့၊မီးခိုးတွေလုံးလာတာတို့၊မီးရှူးတွေပုံမှန်ထက်ဝုန်းပြီးကျဲနေတာတို့ကြံုခဲ့ရင်ပြေးဖို့၊၀ပ်ဖို့ready ပြင်ပါ)

၅။မီးရှူးမီးပန်းတွေဖြာကျချိန်..မျက်နှာနဲ့မျက်စိကိုထိခိုက်မိတာမျိုးလည်းကြံုတတ်လို့အကာတစ်ခုခုနဲ့ကာထားပါ(မီးပုံးပျံဘယ်ရောက်နေလည်းမကြည့်တော့ပဲလျှောက်ပြေးနေတာတော့မလုပ်ပါနဲ့)

၆။ ကလေးတွေပါရင်အကောင်းဆုံးကခပ်လှမ်းလှမ်းကနေသာကြည့်ဖို့နဲ့..မီးပုံးပျံဝုန်းချိန်ချီပိုးပီးပြေးနိုင်သူကခေါ်ထားဖို့လိုပါတယ်

၇။ ပြေးရင်းလွှားရင်းလူစုကွဲရင်ပြန်လည်တွေ့ဆုံဖို့နေရာသတ်မှတ်ထားပါ

၈။ မူးရူးသောက်စားပြီးကွင်းထဲမှာမှောက်နေတာအန္တရာယ်များပါတယ်

၉။မီးပုံးပျံတစ်ခုခုဖြစ်ရင်....မီးသတ်ကားကဝရုန်ုသုန်ကားပြေးထွက်မှာမို့..အဲ့နားမှာသွားမပိတ်နေပါနဲ့

၁၀။ ပြေးထွက်ဖို့မလွယ်ပဲချောင်ပိတ်နေနိုင်တဲ့နေရာတွေ၊ကြပ်ညှပ်နေတဲ့နေရာတွေကနေမကြည့်ပါနဲ့

အထက်ပါအချက်တွေသတိထားရင်...အန္တရာယ်နည်းပါလိမ့်မယ်။ တောင်ကြီးသူတောင်ကြီးသားတွေကတော့..အဲ့အချက်တွေကိုနောကျေနေကြပေမယ့်...အဝေးကမိတ်ဆွေတွေအနေနဲ့မီးပုံးပျံလောင်ကျပြီဆိုတာနဲ့...တစ်ကွင်းလုံးပြေးစရာရယ်လို့မရှိသည့်အလားထင်မြင်ပြီးကြောက်လန့်ကုန်ကြမှာမဖြစ်စေချင်လို့ရေးရခြင်းဖြစ်ပါတယ်

ရာသီဥတုထောက်ပံ့မှု၊ှုအဖွဲ့သားတွေရဲ့စည်းလုံးညီညွတ်မှု၊ကံတရားနဲ့ယမ်းစပ်ခြင်းပညာတို့ပေါ်အများကြီးမူတည်ပြီးမှမီးပုံးပျံတစ်လုံးအောင်အောင်မြင်မြင်လွှတ်တင်နိုင်တာမို့...ဘေးအန္တရာယ်ကျရောက်တိုင်းမီးပုံးပျံအဖွဲ့ကော၊မြို့သူမြို့သားတွေပါများစွာစိတ်မကောင်းဖြစ်ရပါတယ်...ထပ်တူဝမ်းနည်းကြရတယ်ဆိုတာအသေအချာပါ

PS. အလကားပိုက်ဆံဖြုန်းနေတာပါ...ပိုက်ဆံမီးရှို့နေတာ..အဲ့အစားလှူလိုက်ပါလားဆိုသူတွေကိုလည်းသိစေချင်ပါတယ်...လူတိုင်းကကိုယ်မြတ်နိုးတန်ဖိုးထားတဲ့အရာကိုလုပ်ရင်းအသက်ရှင်ကြတာမို့..အရာရာကိုပိုက်ဆံမျက်စိတစ်ခုနဲ့မဝေဖန်ပါနဲ့..ပျော်ချင်ရုံသက်သက်ဆိုရင်ဒီခေတ်မှာပျော်စရာတွေများပါတယ်..ဒေသတစ်ခုရဲ့မြတ်နိုးတန်ဖိုးထားတဲ့ရင်ဘတ်ကိုနားမလည်နိုင်တောင်..ရမ်းသမ်းပြီးမရှံု့ချပါနဲ့လို့ " သူက ဆိုထားခဲ့တာပါ ။

မီးပုံးပျံပွဲကိုရောက်ရှိနေတဲ့ ဧည့်သည်တွေအားလုံးဘေးကင်းရန်ရှင်းပြီးပျော်ရွှင်နိုင်ကြပါစေနော် ... 

သတင်းအရင်းမြစ် Zin Wai Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။