မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု B ပွဲစဉ်မှာ PSG အသင်းဟာ အန်ဒါလက်အသင်းကို အိမ်ကွင်းမှာ ၅ ဂိုး ဂိုးမရှိရလဒ်နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၃ မှတ်ဖြတ်ထားနိုင်တာလည်းဖြစ်ပါတယ်။PSG အသင်းဟာ အုပ်စုပွဲစဉ် ၄ပွဲကစားပြီးချိန်မှာတော့ ရမှတ် ၁၂ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။

PSG အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ နေမာ၊ ကာဗာနီ၊ အမ်ဘက်ပီ၊ ဒရက်ဇလာ၊ ရာဘီယော့၊ ဗာရက်တီ၊ ကွာဇာဝါ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အန်ဒါလက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အွန်ရီကွန်ယူ၊ ဟမ်နီ၊ ဂါကမ်၊ ထရစ်ဘယ်၊ ကမ်စ်း၊ ဒန်ဒွန်ကာ၊ အိုဘရာဒိုဗစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ယခုပွဲမှာတော့ PSG အသင်းရဲ့ ဘယ်နောက်ခံကစားသမား ကွာဇာဝါ ဟတ်ထရစ်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

PSG အသင်းအတွက် အဖွင့်ဂိုးကိုတော့ မိနစ် ၃၀ မှာ ဗာရက်တီ ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်း ပြီးခါနီးမှာတော့ နေမာက PSG အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးချိန်မှာတော့ PSG အသင်းဟာ ၂ ဂိုးအသာနဲ့ ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းအတွက် နောက်ဆုံး သုံးဂိုးလုံးကိုတော့ ကွာဇာဝါက သူရဲ့ ဟတ်ထရစ်ဂိုးတွေအဖြစ် (၅၂ မိနစ် ၇၂ မိနစ် ၇၈ မိနစ် )တို့မှာသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။