ပရာဒစ်ကူးမား (Pradipkumar) ဟာ အိန္ဒိနိုင်ငံ အရှေ့မြောက်ပိုင်း မှာ ရှိတဲ့ မဏိပူရ ပြည်နယ်ကပဲ ဖြစ်ပါတယ်။ အဲ့ဒီ ပြည်နယ်ဟာ မြန်မာပြည် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း တို့နဲ့ ထိစပ်နေတဲ့ အိန္ဒိယရဲ့ ပြည်နယ် တခုလို့လည်းပြောလို့ရပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်မှာ Mr.Manipir ဆုကိုရရှိခဲ့ပါတယ် သူရဲ့ အပတ်တကုတ် ကြိုးစားမှုကြောင့် ၂၀၁၂ ခုနှစ် Mr.South Asia ဆုကိုရရှိခဲ့တဲ့ သူတဦးလည်း ဖြစ်ပါတယ်။

အားကစား လိုက်စားတဲ့ သူ တယောက် ဆုရတယ် ဆိုတာ မထူးဆန်းပေမဲ့ သူ့ကို ဘယ် အရာက ထူးဆန်းအောင် ပြုလုပ်ခဲ့ တာ ကို ပရိတ်သတ်ကြီး စိတ်ဝင်စားနေလောက်ရောပေါ့။ ဟုတ်ပါတယ်။ သူ့ကို ထူးဆန်းစေတဲ့ အရာတခုကတော့ သူက HIV ဝေဒနာရှင် တယောက်ဖြစ်နေလို့ပါပဲ။

“လူတယောက်က HIV ကြောင့်မသေနိုင်ပါဘူး။ ကျွန်တော် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရတာတွေက HIV ရောဂါတင်မကပါဘူး၊ လူတွေရဲ့ အထင်အမြင်သေးမှု တွေလည်းပါတယ်” ဟု ကူးမားက သူ့ဘဝအကြောင်းကို ပြောပြခဲ့ပါတယ်။

သူဟာ ၂၀၀၀ ခုနှစ်မှာ HIV ဝေဒနာ ခံစားနေရတာ စတင် သိရှိခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၇ ကြား ကာလ ကတော့ သူ့ဘဝ ရဲ့ အခက်ခဲဆုံး အချိန် တွေ ပဲ ဖြစ်ပါတယ်။

ကူးမားဟာ သူ HIV ရောဂါကူးစက် ခံရပုံ ကိုခုလိုပဲ ပြောကြားခဲ့ပါတယ် “ကျွန်တော် ငယ်ငယ် တုန်းက ဆေးစွဲနေတဲ့ သူတယောက်ပါ။ ကျွန်တော်ကို HIV ဖြစ်စေတဲ့ အကြောင်းရင်းကတော့ မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းဖို့ ဆေးထိုးအပ်ကို မျှဝေသုံးစွဲ ခဲ့လို့ ပဲ ဖြစ်ပါတယ်။”

သူမှာ HIV ရောဂါ ဖြစ်ပွားနေတာကို သိတဲ့ အချိန်မှာ သူဟာ အလွန် အမင်း စိတ်ဓာတ်ကျဆင်းခဲ့ပါသေးတယ်။

“ကျွန်တော် စိတ်အရမ်းညစ်ပြီး ဘဝကို တွေဝေ ငူငိုင်ပြီး အခန်းထဲမှာ ဝမ်းနည်း မှုတွေနဲ့ ၃နှစ်လောက် ကုန်ဆုံးခဲ့ပါတယ်။ နောက်ဆုံးမှာ သေမလိုတောင်ဖြစ်သေးတယ်။ ဒါပေမဲ့ အစ်မ ကြောင့် ကျွန်တော့် ဘဝ အရာရာ ပြောင်းလဲ ခဲ့ပါတယ်။ သူမဟာ အိမ်ကို အပင်လေးတပင် ယူလာတာပေါ့ သူမဟာ အဲ့အပင်လေးကို ရေလောင်း ပေါင်းတင် မြေသြဇာ ကျွေးပြီး သေချာ ဂရုစိုက်တာပေါ့ နောက်ဆုံး မှာ အကျိုး ဆက်အနေနဲ့ အပင်လေးက ပန်းလေးတွေ လှပစွာ ဖူးပွင့်လာတာပေါ့ဗျာ။ အဲ့ တာကိုကြည့်ပြီး ကျွန်တော် စိတ်အမှောင်ကို ခွင်းမဲ့ အလင်းရောင်လေးကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ် ပြောရမယ် ဆိုရင် ကျွန်တော့်ဘဝ အတွက် အလိုအပ်ဆုံး အရာတခုပေါ့။ ပြီးတော့ ဆုံးဖြတ်ချက် တခုချလိုက်တယ် ကျွန်တော် ဘဝ အတွက် ကောင်းတာ တခုခု လုပ်မယ် ဆိုပြီးတော့ပေါ့။ ခုကျွန်တော် ပျော်နေရပြီလေ ကျွန်တော် ဆုံးဖြတ်ချက်ကို အောင်မြင်အောင်လုပ်နိုင်ခဲ့လို့။”

ကူးမား ဟာ HIV ရောဂါဝေဒနာ ခံစားနေရတာ ဆယ်စုနှစ် တခုကြာပြီး အခက်အခဲ တော်တော်များကို သူ့အနေနဲ့ ကျော်လွားနိုင်ခဲ့ပါတယ်။ HIV ရောဂါ ဖြစ်ခြင်းဟာ ဘဝရဲ့ အဆုံးသတ် မဟုတ်ဘူးဆိုတာ အခြားသူတွေ ကိုလည်း သက်သေပြ ချင်ပါသေးတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။

အသက် ၄၅နှစ် ရှိပြီ ဖြစ်တဲ့ ကူးမားဟာ မဏိပူရ ပြည်နယ်ရဲ့ အားကစားနဲ့ လူငယ်ရေးရာ ဌာနမှာ ကာယဗလ နည်း ပြအဖြစ် ခုလက်ရှိ တာဝန်ထမ်းဆောင် နေပြီး ကာယဗလနဲ့ ပတ်သက်တဲ့ သင်တန်းကျောင်းတခုဖွင့် ဖို့ကြိုးစားနေတယ် လို့သိရပါတယ်။ ဒီလို စိတ်ဓာတ် ကြံ ခိုင်တဲ့ သူတယောက်ဟာ မဏိပူပြည်နယ် ကိုယ်စားပြု HIV/ AIDS ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေး ကိုယ်စားလှယ် ဖြစ်နေတာလည်း မဆန်းပါဘူး။ သူနည်းပြ လုပ်တဲ့ သက်တမ်းတလျောက်မှာ တွေ့ခဲ့ရတဲ့ ကောင်လေးတိုင်းကို သူစကားတခွန်းပြောလေ့ရှိတယ် အဲ့တာကတော့ "မူးယစ်ဆေးကို ဝေးဝေးကရှောင်"ဆိုတဲ့ စကားလေးပဲ ဖြစ်ပါတယ်။ 

"ကျွန်တော် မရင့်ကျတ် သေးတဲ့ အချိန်မှာ ပြုလုပ်ခဲ့တဲ့ အမှားတခုက ခုချိန်ထိ ခံစားနေရတုန်းပါပဲ၊ အခြားသူတွေကိုလဲ ကျွန်တော့် လိုအမှားမျိုး မမှားကြဖို့လည်း သတိပေးလိုပါတယ်၊ ကျွန်တော်ကတော့ ကံကောင်းထောက်မစွာနဲ့ လျောက်သင့် တဲ့ လမ်းကြောင်း တခုကို တွေ့ ခဲ့ပါတယ်၊ သို့ပေမဲ့ လူတော်တော် များများကတော့ အဲ့လိုမဟုတ်ကြပါဘူး”

Source – The Better India 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။