ကမ္ဘာကျော် ရုပ်ရှင်မင်းသားတွေဖြစ်တဲ့ ဘောလိ၀ုဒ်မှသရုပ်ဆောင်မင်းသားတွေရဲ့ ၀င်ငွေတွေကိုဖော်ပြလိုက်ပါတယ်။သူတို့ရဲ့ ၀င်ငွေပိုင်ဆိုင်မှုတွေကတော့ ကြောက်ခမန်းလိလိပါပဲ။သူတို့ဟာ ၀င်ငွေကောင်းရုံတင်မကပါဘူး သရုပ်ဆောင်တွေကလည်း ကမ္ဘာကျော်အောင် ကောင်းကြသူတွေပါ။သူတို့ကို မြန်မာနိုင်ငံကပရိသတ်များစွာလည်း အားပေးကြပါတယ်။

10.Hrithik Roshan 

Hrithik Roshan ဆိုတဲ့ လက်ပွားမင်းသားကို 1974 ခုနှစ် ဇန်နဝါရီလ 10 ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီး သူဟာ အခုချိန်မှာ Filmfare ဆုကို ခြောက်ကြိမ်တိုင် ရရှိထားတဲ့ ဆွဲဆောင်မှု အရှိဆုံး အိန္ဒိယ သရုပ်ဆောင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။သူရဲ့ လက်ရှိပိုင်ဆိုင်မှုဟာ ဒေါ်လာ 45 သန်းဖြစ်ပြီး သူဟာ အနုပညာလောကကို စဝင်ချိန်မှာ ဒေါ်လာ 30 သာ ရခဲ့တဲ့ သာမာန်သရုပ်ဆောင်တစ်ဦးသာ ဖြစ်ပါတယ်။ 

9.Irrfan Khan

Life of Pie ကို ကြည့်ဖူးရင် သူ့ကိုသိမှာပါ။သူ့ကို 1967 ခုနှစ် ဇန်နဝါရီ 7 ရက်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

သူရဲ့ ရုပ်ရှင်ဟာ အမြတ်ငွေ 511 သန်း ရရှိခဲ့ပြီးတော့ သူ့ရဲ့ ရုပ်ရှင်သရုပ်ဆောင်ကြေးဟာ တကားဟာ 4 သန်း အထိ သရုပ်ဆောင်ကြေးရရှိခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း 50 ရှိပါတယ်။

8.John Abraham

John Abraham ကို 1972 ခုနှစ် ဒီဇင်ဘာ 17 ရက်မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူဟာ သရုပ်ဆောင်၊ထုတ်လုပ်သူ၊မော်ဒယ် တဦးလဲ ဖြစ်ပါတယ်။သူဟာ ကြော်ငြာ ရိုက်ရဆုံး မင်းသားတလက်ဖြစ်ပြီး ရုပ်ရှင်ကားထက် ပိုတဲ့ဝင်ငွေကို ကြော်ငြာဆီက ရနေတာဖြစ်ပါတယ်။လက်ရှိမှာ ဒေါ်လာ 55 သန်း ပိုင်ဆိုင်ထားပြီး အသက် 41 နှစ်ရှိပြီဖြစ်တဲ့ John ဟာ နောက်နှစ်မှာ ပိုင်ဆိုင်မှု သန်း 80 လောက်ဖြစ်လာမှာဖြစ်ပါတယ်။ 

7.Ranbir Kapoor

Ranbir Kapoor ကို 1982 စက်တင်ဘာ 28 မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူဟာ ဘောလိဝုဒ် လူငယ်သရုပ်ဆောင်ထဲမှာ ကြေးအများဆုံးဖြစ်ပါတယ်။ Filmfare ဆုကို ငါးကြိမ်ရရှိထားပြီး ‘Yeh Jawaani Hai Dewaani’ ဆိုတဲ့ရုပ်ရှင်ကားနဲ့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ 66 သန်းရှိပါတယ်။

6.Dharmendra

Dharmendra ဆိုတဲ့မင်းသားကြီးကို 1935 ဒီဇင်ဘာ 8 ရက်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။သူ့ဟာ ဘဝတသက်တာ အကောင်းဆုံး ရုပ်ရှင်သရုပ်ဆောင်ဆုရရှိခဲ့ပြီး 1960 မှာ Dil Bhi Tera Hum Bhi Tere ဆိုတဲ့ ရုပ်ရှင်ကားနဲ့ ပေါက်ခဲ့တာဖြစ်ပါတယ်။သူဟာ ကား 100 ကျော်ရိုက်ခဲ့တာဖြစ်ပြီး သူ့ရဲက လက်ရှိပိုင်ဆိုင်မှုက ဒေါ်လာ သန်း 70 ရှိပါတယ်။

5.Akshay Kumar

Akshay Kumar ကိုတော့ 1967 ခုနှစ် စက်တင်ဘာ 9 ရက်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။Flimfare ကို နှစ်ကြိမ် ဆုရပြီး အမြဲ ဇကာတင်ထဲ ပါတဲ့ သရုပ်ဆောင်ဖြစ်ပါတယ်။သူ့ရဲ့ ခပ်မြူးမြူး ဟာသဆန်ဆန် သရုပ်ဆောင်ဟန်ကြောင့် လူကြိုက်များခဲ့တာဖြစ်ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုက သန်း 180 ရှိပါတယ်။ 

4.Aamir Khan

Aamir Khan ကိုတော့ 1965 March 14 ရက်မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူ့ကို ရုပ်ရှင်မင်းသား၊ဒါရိုက်တာ၊ထုတ်လုပ်သူအဖြစ် လူသိများကြတာဖြစ်ပါတယ်။သူဟာ အိန္ဒိယ ရုပ်ရှင်မင်းသားအချင်းချင်း အလွှမ်းမိုးနိုင်ဆုံးဆုရတဲ့အထိ အောင်မြင်ခဲ့သူဖြစ်ပါတယ်။သူရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ 185 သန်း ရှိပါတယ်။ 

3.Salman Khan

Salman Khan ကို 1965 ဒီဇင်ဘာ 27 ရက်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။သူဟာ ရုပ်ရှင်မင်းသား၊ထုတ်ဝေသူနဲ့ တီဗီအစီအစဉ်တင်ဆက်သူဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာ Film Awards ဆုကို လေးကြိမ်၊ Filmfare ဆုကို 7 ကြိမ်တိုင်တိုင် ရရှိခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ သန်း 200 ရှိပါတယ်။

2.Amitabh Bachchan

Amitabh Bachchan ကြီးကိုတော့ 1942 အောက်တိုဘာ 11 မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဘောလိဝုဒ်ရဲ့ ပင်မဒေါက်တိုင်ကြီးဖြစ်ပါတယ်။ Zanjeer နဲ့ Deewarm ရုပ်ရှင်တွေနဲ့ 1970 မှာ နာမည်စကြီးလာတာဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ 402 သန်း ရှိပါတယ်။

1.Shah Rukh Khan

Shah Rukh Khan ကို 1965ခုနှစ် နိုဝင်ဘာ 2 ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ပါးချိုင်တွေ မျက်ဝန်းအညိုရောင်တွေ ပရိတ်သတ်ကို ဖမ်းစားထားတဲ့ ရှာရွတ်ခမ်းဟာ ဘောလိဝုဒ်မှာတင်မဟုတ်ပဲ ဟောလိဝုဒ်မင်းသားတွေထဲတောင် အချမ်းသားဆုံးစာရင်းဝင်သူဖြစ်ပါတယ်။သူဟာ ဇာတ်ကားပေါင်း 300 ကျော်ကူးပြီး ဆုပေါင်း 207 ဆု ရရှိခဲ့တာဖြစ်ပါတယ်။အကောင်းဆုံး သရုပ်ဆောင်ဆု 29 ကြိမ်ရရှိထားပါသေးတယ်။သူ့ရဲ့ ဝင်ငွေဟာ ဒေါ်လာ သန်း 800 ကျော်ရှိပါတယ်။

source - CANTWAIT2SAY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။