ပြည်တွင်းရဲ့ နာမည်ကြီးအနုပညာရှင်တွေထဲမှာ သားသားမီးမီးကိုယ်စီ နဲ့ ပျော်ရွှင်တဲ့မိသားစုဘဝလေးပိုင်ဆိုင်ထားသူတွေရှိသလို လက်တလောမှာ ရင်သွေးလေးလွယ်ထားရတဲ့ အနုပညာရှင်အချို့လည်းရှိပါတယ်။

ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ ပြည်တွင်းက နာမည်ကျော် အနုပညာရှင်တွေအနက် ကိုယ်ဝန်ဆောင်ထားတဲ့ ဆယ်လီတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ထောင်ရေးကံကောင်းသူအဖြစ် ပရိသတ်တွေအားကျနေရတဲ့ မင်းသမီးချောလေး သင်ဇာနွယ်ဝင်းကတော့ အနုပညာအလုပ်တွေနားထားပြီး ပထမဦးဆုံးရင်သွေးလေးအဖြစ်သားဦး လေးကို နို၀င်ဘာလအတွင်း မွေးဖွားမယ်လို့ သိရပါတယ်။

နောက်ထပ် အနုပညာရှင်တစ်ဦးကတော့ အကယ်ဒမီချောရတနာ ဖြစ်ပါတယ်။ သူမကတော့ ဒုတိယရင်သွေးလေးကို လွယ်ထားတာ မကြာသေးပါဘူး။

ပေါချောလို့ ပရိသတ်တွေသိကြတဲ့ ချောရတနာဟာ ကားရိုက်တွေနည်းနေပမယ့် ကြော်ငြာအချို့ကိုတော့ လက်ခံရိုက်ကူးပေးနေပါတယ်။

နောက်ထပ် မေမေဖြစ်တော့မယ် ့ ဆယ်လီမမတစ်ယောက်ကတော့ အဆိုတော်အနဂ္ဂ ရဲ့ ဇနီးချောလေး အဆိုတော်သံသာဝင်းဖြစ်ပါတယ်။ သူမဟာ အနဂ္ဂနဲ့ အိမ်ထောင်ပြုပြီး ပထမဆုံးရင်သွေးလေးကို လွယ်ထားရတာ(၈)လကျော်ပြီလို့ သိရပါတယ်။

နောက်ထပ် ဒုတိယရင်သွေးလေးကို ရတော့မယ့် အနုပညာရှင်တစ်ဦးကတော့ အဆိုတော် အာဇာနည်ရဲ့ ဇနီးဖြစ်သူ ၀မ်း ပါ။ သူမဟာ အရင်က မော်ဒယ်လုပ်ခဲ့ဖူးပေမယ့် အနုပညာအလုပ်တွေမလုပ်တော့တာကြာပါပြီ။

သူတို့ဇနိီးမောင်နှံကတော့ ဒုတိယရင်သွေးလေးအတွက်ရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်။

ကိုယ်ဝန်ဆောင်အနုပညာရှင်တွေအားလုံး ချောချောမောမော မွေးဖွားနိုင်ပြီး သားသမီးရတနာတွေပိုင်ဆိုင်နိုင်ပါစေနော်။  

Ref : Cele fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။