ပရိသတ်အချစ်တော်မင်းသမီးချောအိချောပိုရဲ့ချစ်ရတဲ့ညီမလေးဖြစ်သူအနုပညာလောကထဲစတင်ခြေချလာတဲ့ချစ်စရာကောင်းမလေးအိသီရိချိုမောင်(ခေါ်)သားသားပဲဖြစ်ပါတယ်။အမဖြစ်အိချောပိုနဲ့အတူအနုပညာလုပ်ငန်းလေးတွေတွဲဖက်လုပ်ကိုင်လာတာပဲဖြစ်ပါတယ်။သူမရဲ့အနုပညာခြေလှမ်းအသစ်ဖြစ်တဲ့အမဖြစ်သူအိချောပိုရယ်လက်ရှိမှာနှုတ်ခမ်းနီမလေးတွေဝန်းရံခြင်းခံနေရတဲ့ထူးအောင်ရယ်တွဲဖက်ရိုက်ကူးခဲ့တဲ့MTVလေးမှပုံရိပ်လေးတွေဟာလဲပရိသတ်တွေကြားရေးပန်းစားနေတာပဲဖြစ်ပါတယ်။ 

နိုဝင်ဘာလအတွက်ကံကောင်းခြင်းတွေကိုစတင်ယူဆောင်ပေးမယ့်နေသစ်လေးဖြစ်တဲ့နိုဝင်ဘာ၁ရက်နေ့ဒီနေ့ဟာသားသားရဲ့မွေးနေ့မင်္ဂလာလေးပဲဖြစ်ပါတယ်။တနင်္ဂနွေသမီးလေးအိသီရိချိုမောင်ရဲ့မွေးနေ့လေးမှာကုသိုလ်ပြုလှူဒါန်းမှုတွေအများကြီးလုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ဇီဝိတဒါနသံဃာဆေးရုံးကြီးမှာသဟသိကဒါနကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။သံဃာတော်တွေနဲ့သီလရှင်ဆရာလေးအပါး၁၂၀တို့ကိုအအေးဒါနဆပ်ကပ်လှူဒါန်းခဲ့တာဖြစ်ပြီးဝတ္တုငွေပဒေသာပင်လေးလဲလှူဒါန်းခဲ့ပါတယ်လို့ဆိုပါတယ်။

အဲ့ဒီနောက်မှာတော့ကင်ဆာနှင့်ကျောက်ကပ်ခွဲစိတ်ဌာနမှနာမကျန်းဖြစ်နေတဲ့ရဟန်းသံဃာတော်တွေကိုသွားရောက်လှူဒါန်းခဲ့ပါတယ်လို့ဆိုပါတယ်။သံဃာတော်ဆရာတော်ဘုရားကြီးတွေနဲ့တစ်ဦးစီးဝမ်းသာအားရဆုပြန်ပေးကြတဲ့အတွက်ဝမ်းနည်းဝမ်းသာမှုအပြည့်နဲ့ပျော်ရွှင်ကြည်နူးရပါတယ်လို့ဆိုပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလဲဒီနေ့လှူဒါန်းခဲ့တဲ့ပုံရိပ်လေးတွေနဲ့အတူ‘နာမကျန်းဖြစ်နေတဲ့ရဟန်းကိုလှူဒါန်းခြင်းဟာသက်ရှိထင်ရှားဘုရားကိုလှူဒါန်းခြင်းမဟုတ်ပါရောလား’ဆိုတဲ့စာသားလေးနဲ့ပရိသတ်တွေကိုသာဓုခေါ်ဆိုနိုင်ရန်ကုသိုလ်မျှဝေထားတာပဲဖြစ်ပါတယ်။သူမရဲ့ချစ်စရာကောင်းတဲ့ကုသိုလ်ပြုလှူဒါန်းနေတဲ့ပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - အိသိရီချိုမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။