ဒါရိုက်တာ ကိုပေါက် ကတော့ သမရိုးကျ Documentary တွေကနေ ခွဲထွက်ပြီး ဖန်တီးမှု အသစ်တွေနဲ့ ပရိတ်သတ်ကို တင်ပြမယ်လို့ ပြောလိုက်ပါတယ်။ သူတင် ပြမယ့် Documentary လေးကတော့ ခရီးသွား Documentary ဖြစ်ပြီး ရင်ခုန်သံ ရူမျှော်ခင်း လို့နာမည်ပေးထားတယ်လို့လည်း သိရပါတယ်။

“မြန်မာနိုင်ငံမှာ ရှိတဲ့ လူတွေ အမှတ်တမဲ့ ကျော်သွားပြီး ထဲထဲ ဝင်ဝင်မသိတဲ့ အကြောင်းအရာတွေ ကို လေးလေးနက်နက် ပြည့်ပြည့် စုံစုံလေး တင်ပြမဲ့ အစီစဉ်ပါ အဲ့တာကတော့ တနိုင်ငံလုံးသွားမယ်၊ သူများသွားပြီးသားနေရာ တွေလည်း ဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ ကျနော်တင်ပြတဲ့ ပုံစံနဲ့ ရှေ့ကလူတွေ တင်ပြထားတဲ့ ဟာတွေနဲ့တော့တူမှာ မဟုတ်ဘူး” လို့ပြောလိုက်ပါတယ်။

လက်ရှိချိန်တွင် ကိုပေါက်သည် ငယ်ပါသေးတယ် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရန် စီစဉ်လျှက်ရှိပြီး ရန်အောင်, ရဲအောင်, ထွန်းထွန်း, မိုးယံဇွန်, နေဒွေး, နေနော်, ကယ်ဗင်ကိတ်စ်, ဝေယံ, သင်ဇာဝင့်ကျော်, ရတနာဗိုလ် အစရှိတဲ့ နာမည်ကြီး သရုပ်ဆောင် များစွာ ပါဝင်တယ်လို့သိရပါတယ်။

အဆိုပါ ခရီးသွား မှတ်တမ်းကို ငယ်ပါသေးတယ် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီး ချိန်တွင် ချင်းတောင်တန်းတွင် စတင် ရိုက်ကူးမည် ဖြစ်သည်။

Source – Cele ရပ်ကွက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။