Facebook ပေါ်မှာ Funny Video လေးတွေတင်ပြီး လူအများကိုရယ်မောပျော်ရွှင်စေတဲ့ ဖြူဖြူထွေးဟာ ဒီနေ့မှာတော့ Funny Video အသစ်နှစ်ခုကို ထပ်တင်လိုက်ပြီပဲဖြစ်ပါတယ်။ ချစ်စဖွယ်မျက်နှာလေးနဲ့ အမြဲတမ်းပြုံးနေတတ်တဲ့ဖြူဖြူထွေးက သူမရဲ့ပရိတ်သတ်တွေရယ် မောပျော်ရွှင်စေဖို့ ထပ်မံဖန်တီးလိုက်တာပဲဖြစ်ပုံရပါတယ်။ အကကိုဝါသနာပါပြီး ဒဂုံကျောင်း ရဲ့ ဆရာကန်တော့ပွဲမှာ ကကွက်ဆန်းလေးဖန်တီးလိုက်တာကြောင့် နာမည်ကြီးသွားတဲ့ ဖြူဖြူ ထွေးဟာ နောက်ပိုင်းမှာလည်း ဟာသ Video အသစ်တွေ ဆက်လက်ဖန်တီးနေပါတယ်။

သူမရဲ့အအောင်မြင်ဆုံး Funny Video လေးကတော့ ဟိုးတုန်းက လူရွှင်တော်ကြီးနှစ်ဦး ဖြစ်တဲ့ ဓာတ်ဆီနဲ့ဓာတ်စံတို့ရဲ့ဟာသပျက်လုံးလေးတွေပဲဖြစ်ပါတယ်။ အသံနေအသံထားကို လိုက်ပြီး သူမကသရုပ်ဖော်ကာ Funny Video လေးအဖြစ်ဖန်တီးထားတာပဲဖြစ်ပါတယ်။ သူမ ရဲ့မျက်နှာထား ပြောပုံဆိုပုံအစစအရာရာ အကုန်လုံးက ပျက်လုံးလေးတွေနဲ့ ကွက်တိကျနေ တော့ သူမရဲ့ပရိတ်သတ်တွေကတော့ တဝါးဝါးတဟားဟားပါပဲ။

လူတစ်ယောက်ကိုရယ်မောပျော်ရွှင်အောင်လုပ်ဖို့ဆိုတာ သိပ်တော့လွယ်ကူတဲ့အလုပ် မ ဟုတ်ပါဘူး။ ဟာသသရုပ်ဆောင်လုပ်တယ်ဆိုတာ ကုသိုလ်လဲရ ဝမ်းလဲဝတဲ့အလုပ်ဖြစ်ပါ တယ်။ ဖြူဖြူထွေးအနေနဲ့ သူမရဲ့ ပရိတ်သတ်တွေရယ်မောပျော်ရွှင်အောင် Funny Video လေးတွေ ရိုက်ကူးတင်ဆက်ပေးနေ တာဖြစ်ပါတယ်။ Korea ရိုးရာဝတ်စုံကိုဆင်မြန်းပြီး Korea ကလေးငယ်လေးတွေရဲ့ အသံအတိုင်း အမူအရာလုပ်ပြီး ဟာသသရုပ်ဖော်ထားတာပဲဖြစ်ပါ တယ်။ သူမရဲ့ Funny Video အသစ် 2 ခုကို မကြည့်ရသေးတဲ့ ပရိတ်သတ်ကြီးအတွက် တင် ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။