မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု E ပွဲစဉ်မှာ လီဗာပူလ်းအသင်းဟာ မာရီဘောအသင်းကို အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းကတော့ ချန်ပီယံလိဂ် အုပ်စု ၄ ပွဲကစားထားပြီးချိန်မှာ ရမှတ် ၈ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းဟာ ဒုတိယနေရာက ဆီဗီလာအသင်းကို ၁ မှတ်အသာနဲ့ ဦးဆောင်နေတာလည်းဖြစ်ပါတယ်

လီဗာပူလ်းအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ချန်ဘာလိန်၊ ဖာမီနို၊ ဆာလက်၊ ဝစ်ဂျနယ်ဒယ်၊ အမ်မီရီကန် ၊ မီနာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မာရီဘောအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ မီဆာနိုဗစ်၊ ဗိုဟာ၊ ဖေလာ၊ ကတ်ဟာ၊ ဟိုတစ်၊ ဗီလာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မာရီဘောအသင်းဟာ ပထမပိုင်းမှာ အကောင်းဆုံး ပိတ်ဆို့ကစားနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ လီဗာပူလ်အသင်းရဲ့ သွင်းဂိုးတွေကို ခွင့်ပြုလိုက်ရတာလည်းဖြစ်ပါတယ်။ 

ပထမပိုင်းပြီးဆုံးချိန်ထိ နှစ်သင်းစလုံးဟာ ဂိုးမရှိသရေရလဒ် နဲ့ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၄၉ မိနစ်မှာတော့ ဆာလက်က လီဗာပူလ်းအသင်းအတွက် အဖွင့်ဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။၆၄ မိနစ်မှာတော့ အမ်မရီကန် က ဒုတိယအနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး လီဗာပူလ်း အသင်းအတွက် နောက်ဆုံးဂိုးကိုတော့ စတာရစ်က မိနစ် ၉၀ မှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။