ဒီနေ့ညမှာတော့ပရိသတ်တွေအတူတူဆေးပေါင်းခမယ့်တေးသံရှင်ရောခ့်ဘုရင်(၃)ယောက်ကတော့အသင့်ဖြစ်လို့နေပြီပဲဖြစ်ပါတယ်။နိုင်ငံကျော်တေးသံရှင်များဖြစ်ကြတဲ့ဇော်ဝင်းထွဋ်၊အာဇာနည်၊ဝေလတို့ကအကြိတ်အနယ်ဖျော်ဖြေဖို့ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။ဖျော်ဖြေမယ်ရောခ့်ဘုရင်(၃)ယောက်လုံးဟာဆိုရင်ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုယ်စီရရှိပိုင်ဆိုင်ထားကြသူတွေပဲဖြစ်ပါတယ်။ပရိသတ်တွေနဲ့အတူဒီနေ့ညမှာဘယ်လိုအလန်းစားရော့ခ်သီချင်းတွေနဲ့ဖျော်ဖြေတင်ဆက်ကြမယ်လဲဆိုတာလဲစိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

ဇော်ဝင်းထွဋ်ဟာမြန်မာနိုင်ငံရဲ့ပရိသတ်အားပေးမှုအများဆုံးရောခ့်စတားကြီးတစ်ယောက်ဆိုရင်လဲမမှားပါဘူး။ယနောက်ပိုင်းတေးသံရှင်ဇော်ဝင်းထွဋ်ရဲ့တေးသီချင်းအသစ်တွေထပ်မံဖန်တီးမှုလျော့နဲလာတာကြောင့်ဇော်ဝင်းထွဋ်ကိုချစ်တဲ့ရောခ့်ပရိသတ်တွေစိတ်မကောင်းဖြစ်နေကြရတာပဲဖြစ်ပါတယ်။သီချင်းအသစ်တွေနားမဆင်ကြရပေ့မယ်ပရိသတ်တွေအားပေးခဲ့ကြရတဲ့သီချင်းဟောင်းလေးတွေကိုလဲတေးသံရှင်ဇော်ဝင်းထွဋ်ကိုယ်တိုင်ဖျော်ဖြေတင်ဆက်မှုတွေကိုလဲနားဆင်ချင်နေကြမယ်လို့မျှော်လင့်ပါတယ်။တေးသံရှင်အာဇာနည်နဲ့ဝေလကတော့လက်ရှိမှာပရိသတ်တွေနဲ့အဆက်သွယ်မပြတ်အနုပညာလှုပ်ရှားမှုတွေရှိနေတာပဲဖြစ်ပါတယ်။သူတို့ရဲ့ထပ်မံထွက်ရှိတဲ့သီချင်းအသစ်လေးတွေရောသီချင်းအဟောင်းတွေပါပရိသတ်တွေအစဉ်တစိုက်အားပေးနေကြရတာပဲဖြစ်ပါတယ်။

ရောခ့်ဘုရင်(၃)ယောက်ဟာနိုဝင်ဘာ၂ရက်နေ့ဒီနေ့ညမှာတော့ပရိသတ်တွေနဲ့အတူတူဆေးပေါင်းခမယ့်ညလေးအဖြစ်ရှိနေမှာပဲဖြစ်ပါတယ်။ရန်ကုန်မြို့ပြည်သူ့ရင်ပြင်ပြည်သူ့ဥယျာဉ်မှာည၇နာရီအချိန်တွင် " ဆေးပေါင်းခတဲ့ည RockConcertပွဲလေးပြုလုပ်သွားမှာပဲဖြစ်ပါတယ်။Emperor,TheTree,RunneRစတဲ့နာမည်ကြီးBandတွေရဲ့တီးခတ်မှုနဲ့အတူရောခ့်ဘုရင်(၃)ရဲ့အကြမ်းစားသီးချင်းတွေနဲ့အားရပါးရသီဆိုတီးခတ်ကမှာပဲဖြစ်ပါတယ်။ဒီပွဲကြီးအတွက်အောက်တိုဘာလထဲကအကြီးအကျယ်ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။Rockဂီတကြားမှာလာရောက်စီးမြောကြမယ့်ပရိသတ်တွေနဲ့ရော့ခ်ဘုရင်တွေရဲ့ဖျော်ဖြေမှုတွေနဲ့ပျော်စရာဆေးပေါင်းခတဲ့ညလေးဖြစ်စေမှာဖြစ်တဲ့အတွက်ပရိသတ်တွေမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - ဝေလ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။